အပိုင်း (69.1)

1.3K 154 1
                                    

(69.1)

အဲ့တာ က နောက်ထပ် ရှည်လျားတဲ့ မိုးရာသီ တစ်ခု ဖြစ်ခဲ့လေတယ်။ ငါးလ ကြာပြီးတဲ့ နောက်မှာတော့ ကောင်းကင် ကြီး က တစ်ဖန် ပြန်ပြီးတော့ ကြည်လင် လာခဲ့လေတယ်။

လူတိုင်းက စိတ်သက်သာရာ ရသွားကြတယ်။ တကယ်လို့သာ မိုးတွေ ထက်ရွာ လာအုံးမယ် ဆိုရင်တော့ တိုက်ကွန်းခ် မြစ်က မြစ်ရေတွေက တောင်ရဲ့ တစ်ဝက်လောက် အထိကို တက်လာတော့မှာ ပဲ ဖြစ်လေတယ်။

အိမ်က တဲ ထက်ပိုကောင်းပေမယ့် လေထုထဲက စိုစွတ်မှု ကတော့ အရမ်းကို များပြားတယ်လေ။ အဲ့တာ က နေရာတိုင်းမှာ စေးကပ်စေ ပြီးတော့ လူတိုင်းကို မသက်မသာ ခံစားရစေတယ်။

ချီဟန် က အိမ်ထဲမှာ ထိုင်နေပြီးတော့ အဒေါ်တုံးဟွားပေး ထားတဲ့ အဖြူရောင်အမွှေးနဲ့ ရက်ထားတဲ့ အပိုင်းလေးကို အဝတ်အသေးလေးတွေ ချုပ်နေခဲ့လေတယ်။

မနှစ်က ခြောက်သွေ့ ရာသီမှာ သူတို့က အဖြူရောင် အမွှေးတွေ အများကြီး ကောက်ယူ ခဲ့လေတယ်။ အဲ့ချည်ထည် အမျိုးအစားက ကြမ်းတမ်းမှု နည်းပါးပြီးတော့ မနက်ခင်း မှာလဲ နွေးထွေးစေတယ်လေ။ ဒါပေမယ့် အရောင်က အရမ်းပျော့တဲ့ အတွက်ကြောင့် ဟင်းသီးဟင်းရွက်တွေနဲ့ မြေဆီလွှာတွေ ရှိတဲ့ နေရာမှာဆို အဲ့တာက ညစ်ပေ လွယ်လေတယ်။

ချီဟန် က တုံအား အနီရောင်ပန်းရိုင်း လေးတွေကို ခူးဖို့ လွှတ်လိုက်လေတယ်။ အဲ့ပန်းရဲ့ အရောင် က အတော်လေး ကို တောက်ပ နေပြီးတော့ အရောင်စွန်း သွားရင် ပွတ်လျော်ရင်တောင်မှပဲ အရောင်ကျွတ် မသွားပါပေ။

ပန်းတွေ အများကြီးကို ကြိတ်ချေ ပြီးတဲ့နောက်တော့ အဲ့ထဲကို ရေတစ်ချို့ ပေါင်းထည့်လိုက်တယ်။ ပြီးတော့ အဲ့ထဲကို အဝတ်အသေးလေးတွေ ထည့်စိမ်လိုက်တယ်။ နောက်နှစ်ရက်လောက် ကြတော့ တောက်ပတဲ့ ဝတ်စုံလေး တွေ ရလာပြီးတော့ ချန်းရှီးလေးကို ဝတ်ပေး လိုက်လေတယ်။

ချန်းရှီးလေး က အနီရောင်ဝတ်စုံ လေးဝတ်ပြီးတော့ အစိမ်းရောင် မြက်တွေ ကြား ပြေးလွှား လေတယ်။ သူမရဲ့ လက်ထဲမှာလဲ ရတနာကျိုင်း အသေးလေး ကိုင်ထားတာကြောင့် ပန်းပွင့်နတ်သူငယ်လေး လို အရမ်း ချစ်စရာ ကောင်းနေလေတယ်။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now