(54.1)
'' ဒါက အရမ်းကောင်းတဲ့ စိတ်ကူးပဲ။ ငါတို့ ပြန်သွားတဲ့ အချိန်မှာ အပင်ပျိုပေါက် ၂ ပင် ဒါမှမဟုတ် ၃ ပင် ကို တူးယူသွားပြီးတော့ ရွာထဲမှာ ပြောင်းစိုက်ကြစို့လေ။ ''
သဘာဝ ကျစွာနဲ့ လူတိုင်းရဲ့ အလိုဆန္ဒ ကို လျစ်လျူရှု ဖို့က မဖြစ်နိုင်ပါပေ။ အဲ့တာက ပြောင်းစိုက်လို့ အဆင်ပြေမလား မပြေ ဘူးလား ဆိုတာ မသိရသေးရင် တောင်မှ ပဲ သူတို့ အရင်ဆုံး ကြိုးစား ကြည့်ရမှာပေါ့လေ။
နေ့လည်စာ အတွက် ရစ်ငှက်က အရမ်းကို မွှေးတယ်!
ပြိုင်ဘက်ကင်းတဲ့ နူးညံ့မှု နဲ့ ကြက်သားလိုမျိုး အရသာ က ချီဟန်ကို တစ်နေ့ခင်းလုံး အဲ့ အကြောင်းကိုပဲ တွေးနေမိအောင် ပြုလုပ်ထား နိုင်လေတယ်။ အဲ့အကြောင်းကို တွေးပြီးတော့ သူ့ရဲ့ တံတွေးတွေ အကြိမ်ကြိမ် မြိုချ မိတာ ကို မထိန်းနိုင် ခဲ့ပေ။
တစ်ခြား ကမ္ဘာ ကို လာပြီး ကတည်း က သူက ဘယ်တော့မှ ကြက်သား ကို မစားရတော့ပေ။ ဒီလိုမျိုး ပြိုင်ဘက်ကင်း ကောင်းမွန်လွန်း လှတဲ့ ကြက်သား ကို သူ့ကလေး ဘဝ တုံး က ပဲ စားဘူးခဲ့တယ်။ ကျေးလက်မှာ ငယ်စဥ် အလည် သွားတုံး ကပဲ အိမ်ကြက်ရဲ့ အရသာ ကို မြည်းစမ်း ခဲ့ဘူးတာပဲ ဖြစ်လေတယ်။
ယနေ့ခေတ် ကြက်တွေ က သူ့တို့ရဲ့ အရသာ တွေက ပြောင်းလဲ သွားပြီပဲ ဖြစ်လေတယ်။ သူတို့တွေ အကုန်လုံး ဟာ မွေးမြူရေး ကြက်တွေ ဖြစ်လာကြပြီလေ။
ငွေကြေးကုန်ကျ မှု ကာကွယ် ဖို့ရာ အတွက် သူတို့ကို လှောင်အိမ်ထဲမှာ ထားပြီးတော့ ဝတဲ့ အထိ ကျွေးမွေးထား တာပဲ ဖြစ်လေတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင် လှုပ်ရှားမှု က အရမ်းကို သနားစရာ ကောင်းလေတယ်။
ဒီလို ကြက်အသား မျိူးကို ပါးစပ်ထဲ ထည့်ပြီး ဝါးလိုက်ရင် သစ်သားတွေမှာ ကပ်ပေါက်တဲ့ အပင်လိုမျိုး တကျိကျိ နဲ့ ခံစားရလေတယ်။
အဲ့ကြက်သား မှာ မူရင်း မွှေးပျံ့တဲ့ အရသာ မရှိတော့တဲ့ အပြင် ထူးဆန်းတဲ့ အရသာ ကြီးပါ ရောနှောနေလေတယ်။
ချီဟန် သူ ထင်ခဲ့တာတော့ သူကြီးထွားလာလို့ အရသာ ခံနိုင်နှုန်းက ပြောင်းလဲ သွားတယ် လို့ ထင်ခဲ့ပေမယ့် အခုတော့ ကြည့်ရတာ အဲ့လို မဟုတ်ဘူး ထင်ရလေတယ်။ အဲ့ ကြက်သား အရသာ ကြီးကိုက တကယ့်ကို ဆိုးဝါး နေတာ ပဲ ဖြစ်ရမယ်။
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...