(9)
တုံ က တဲကို အသာလေး ဖွင့်လိုက်တယ်။ အသံ အကျယ်ကြီး မြည်အောင် သူမလုပ်ခဲ့ပေ။ ပြီးတော့ ညလယ်မှာဆို လေတွေက ပိုပြီးတော့ အေးလေတယ်။ သူက တဲထဲကို အသာလေးဝင်လိုက် ပြီးတော့ သူ့ကိုယ်ပေါ် ကပ်ပါလာတဲ့ ဆောင်းလေအေးတွေကို အသာလေး ခါချလိုက်တယ်။
'' တုံ မင်းပြန်လာပြီ ပဲ! ''
သားရဲတစ်ဝက်လေး က အခုချိန်ထိ မအိပ်သေးလို့ တုံ အရမ်း အံ့သြ သွားလေတယ်။ ထိုကောင်လေး က သူ့ကို စောင့်နေခဲ့တယ်လား။ ထိုကဲ့သို့ အရာက အရင်ကတည်းက သူဘယ်တော့မှ မရ ဘူးခဲ့တဲ့ ခံစားချက်လေး ပဲ ဖြစ်လေတယ်။ သူက လမ်းလျောက်လာကာ ချီဟန်ရဲ့ လက်လေးကို ကိုင်ပြီး စိုးရိမ်မှု တစ်ချို့နဲ့ ပြောလာခဲ့တယ်။
'' ဘာလို့ မင်းဒီနေ့ မအိပ်သေးတာလဲ?ဘာကိစ္စများ ဖြစ်လို့လဲ? ''
တုံရဲ့ လက်တွေက အနည်းငယ် အေးနေလေတယ်။ ဒါကြောင့်ချီဟန်က ထိုသူရဲ့လက်တွေ ပြန်နွေးသွားအောင် ဆုပ်ကိုင်ပေးကာ စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်လေတယ်။
'' တုံ ၊ မိချောင်း သားရဲတွေကို အသားအဖြစ် စားလို့ရသလား? ''
'' မင်းစားလို့ ရတယ်။ ထိုအကောင်ကြီး သေသွားပြီးတော့ ရတဲ့ အသားကို ငါစားဘူးတယ်။ ဘာမှမဖြစ်ဘူး။ မိကျောင်းက အသားများတယ် ဆိုပေမယ့် စားဖို့က မလွယ်ကူ ပါဘူး''
တုံ က အနည်းငယ် ရှက်ရွံစွာ ပြောလိုက်တယ်။ သူ က တစ်နေကုန် ဘာသားကောင်မှ မရိတ်သိမ်း ခဲ့ရဘူးလေ။ ဒါကို သားရဲတစ်ဝက်လေးက အသားတွေ နည်းနေတာကို သိသွားတာလား။
သူက တကယ်ကြီး အသုံးမကျတာပဲလား။
'' ငါ့မှာ မိချောင်း သားရဲကို အမဲလိုက်ဖို့ နည်းလမ်းရှိတယ်။ သားရဲထီး ၄ ကောင်ပဲ လိုအပ်တယ်။ မင်း ငါ့ကို ယုံကြည်သလား ''
'' သားရဲထီး ၄ ယောက်ထဲနဲ့ မိချောင်းဖမ်းမယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ? ''
'' ငါ တို့ တခြား အကူပစ္စည်းတော့ လိုတာပေါ့။ ဟုတ်တယ် ။ ငါ့ရဲ့ အရင်မျိူးနွယ်က ကိရိယာတွေ သုံးတာကို ငါမြင်ဘူးတယ်။ ဒါက အမှန်ပဲ !''
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...