(82.1)
မျိုးနွယ်စု ကို ပြန်လည် တည်ဆောက်တာ က အရမ်းကို မြန်ဆန် ပြီးတော့ အစီအစဉ် တကျ ရှိလေတယ်။ လောင်ရှန်း တောင်ခြေ က မျိုးနွယ် စုက မြေငလျင်ကြောင့် လုံးဝကို ဖျက်ဆီး ခံလိုက်ရပေမယ့် တစ်ခြားနေရာ က ရွေးချယ်ထားတဲ့ မျိုးနွယ်စု က အိမ်တွေ ကတော့ အနည်းငယ် သာ ပြုပြင် ပြီးတာနဲ့ ပြန်ပြီးတော့ နေလို့ ရတာ ဖြစ်တဲ့ အတွက်ကြောင့် လူစွမ်းအားနဲ့ ပစ္စည်း တွေကို အရမ်း သက်သာသွားစေလေတယ်။
နွေဦးရာသီ က အတော်ကို တိုတဲ့ အတွက်ကြောင့် သားရဲလူသား တွေက သားရဲတွေကို အရှင်ဖမ်းကာ သူတို့ကို ဖြေးဖြေးချင်း သားဖောက်ဖို့ လုပ်ကြပြီးတော့ အမျိုးသမီး တွေနဲ့ သားရဲတစ်ဝက်တွေ ကတော့ ခရမ်းရောင်အမြစ်လိုမျိုး အသီးအရွက်တွေကို စိုက်ပျိုး ကြလေတယ်။ ပြီးတော့ ခရမ်းရောင် အမြစ်တွေကို သားရဲလူသားတွေက မစားနိုင်တာကြောင့် သူတို့စားနိုင်တဲ့ ပေါင်မုန့်သီးပင်ပါ စိုက်ရပြန်တယ်။
များစွာသော ပေါင်မုန့်သီးပင်တွေက အလယ်ကနေ ကျိုးကျ သွားခဲ့လေတယ်။ လန် က ပင်လယ်ဘက် ကို သူ့လူတွေ လွတ်ကာ ပင်ပျိုပေါက် တွေကို တစ်ယောက် ပြီးတစ်ယောက် ပြန်သယ်လာကာ စိုက်ခိုင်း လေတယ်။
မျိုးနွယ်စုထဲက ကိစ္စတွေကို အခြေခံအားဖြင့် အကုန်လုံး စီစဉ် ပြီးတဲ့နောက်တော့ ချီဟန် နဲ့ တုံဟာ လန် ၊ ယန် ၊ လီ၊ ယောင် နဲ့ တစ်ခြားသားရဲ လူသားတွေ ကို ခေါ်ကာ ရှန့်ကွမ်း တိုက်ကို တစ်ခါ သွားကြပြန်တယ်။ ဂူတစ်ခုလုံး က လုံးဝ ကို ပြိုကျ သွားတာ ကြောင့် သူတို့က ရက်ပေါင်းများစွာ ရှင်းလင်း လိုက်ရလေတယ်။ ရှင်းပြီးတော့ မှပဲ သူတို့ က နောက်ဆုံးမှာတော့ တံခါးကို တွေ့သွား လေတယ်။ ချီဟန် က ယန်မင်းကို သူနဲ့ အတူ မခေါ်လာပေ။ တကယ်လို့ ပင်းသာ ကံမကောင်းပဲ သေသွားခဲ့ရင် ဗိုက်ကြီးနေတဲ့ ယန်မင်းကို ပင်း ရဲ့ သွေးတွေ အား မမြင်စေလိုတဲ့ အတွက်ကြောင့် ဖြစ်လေတယ်။
တံခါးက မပျက်စီးသွားပေမယ့် နေရာတစ်ချို့တော့ လွဲကုန်တဲ့ ပုံပါပဲ။ ဖွင့်တဲ့ ခလုတ် ကို အကြာကြီး နှိပ်ထားတော့မှ ပဲ တံခါးက ပွင့်သွားတော့တယ်။
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...