(6)
အဲ့နေ့က စလို့ တုံက ဟုန်ယွင်ရဲ့ တဲကို နေ့တိုင်းလာပြီးတော့ သုံးယောက်သား ညစာ အတူတူစားကြလေတယ်။ ညစာ စားပြီးတဲ့ နောက်မှာလည်း သူတို့က ချီဟန်ကို ခြေဟန် လက်ဟန်နဲ့ စကားပြောတက်ဖို့ သင်ပေးကြလေတယ်။ ချီဟန်က အလေးအနက် ထားတဲ့ အတွက်ကြောင့် နေ့တိုင်းပဲ သင်ယူကာ မြန်မြန်တက်မြောက် လွယ်လေတယ်။
တုံ ရဲ့ အသံတွေက နူးညံ့ညင်သာနေ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေ ရောပေါ့။ သူက ခပ်ကျယ်ကျယ် ပြောတာကို ချီဟန် မတွေ့ခဲ့ပေ။ သူက ချီဟန်ကို စကားပြော တက်ဖို့ သင်ပေးတဲ့ အချိန်မှာဆို ရင် အရမ်းပဲ နူးညံ့ ညင်သာလေတယ်။ အရမ်းလည်း စိတ်ရှည် တယ်။
သူက ချီဟန် မမှတ်မိတဲ့ ဟာမျိုးရှိရင် မှတ်မိသည် အထိ ထပ်ကာ ထပ်ကာ ပြောပြလေ့ရှိတယ်။ တစ်ခြားကမ္ဘာကို ဒီအတိုင်းကြီး ရောက်လာလို့ ကြောက်ရွံ့နေတဲ့ အကြောက် တရားတွေက နေ့တိုင်းပဲ ထိုနွေးထွေးတဲ့ အခိုက်အတန့်တွေ ကြောင့် လျော့ကျလာတယ်။
ချီဟန်က ထိုအချိန်လေး ရောက်လာဖို့ကို အမြဲတမ်း စောင့်မျှော်နေခဲ့ပြီးတော့ ထိုအချိန်လေးရောက် ရင်လည်း တစ်နေ့လုံး ခက်ခဲစွာ လုပ်ခဲ့ ရတာ တွေက ပျောက်ကွယ် သွားလေတယ်။
ချီဟန်က အိမ်ကနေ ထွက်သွားဖို့ အချိန်မရှိပေ။ သူက အလုပ်လုပ်ပြီးတာနဲ့ သားရေစပေါ်မှာ ပဲ ပင်ပန်းလွန်းလို့ ညတိုင်းပဲ အိပ်ပျော် သွားလေ့ ရှိတယ်။ နောက်တစ်နေ့မှာတော့ သူက စောစောထပြီး သွားတူးရပြန်တယ်။ နေ့တိုင်းလုပ်လာတော့ သူ့ရဲ့ သွားလာနှုန်းက မြန်နေပေမယ့် တူးတဲ့ နှုန်းကတော့ တိုးတက် မလာ သေးပါချေ။ တစ်ခါတစ်လေ ဆိုရင် ဟုန်ယွင်တောင်မှ တစ်အိတ်အပြည့် မရတော့ပါချေ။
၁၀ ရက်ကျော်လောက် တူးပြီး ကြတဲ့ နောက်မှာတော့ သူတို့ရှာတဲ့ နေရာမှာ ခရမ်းရောင် အမြစ်တွေ မရှိတော့ပါပေ။ အခုတော့ ဟုန်ယွင်က ချီဟန်ကို ခေါ်ကာ သားရဲတစ်ဝက် အုပ်စုနဲ့ အတူ တစ်ခြားဟာတွေ လုပ်ကြတော့တယ်။
ခရမ်းရောင် အသီးနဲ့ အနီရောင် အသီးတွေ ရတဲ့ သစ်ပင်တွေနဲ့ ထင်ရှုးပင်ပုတွေကို သွားကာ ခူးယူကြတယ်။ ညရောက်လို့ အိမ်ပြန်မလာခင် အချိန်ထိ အပင်တွေ ကနေ အသီးတွေ ရသမျှကို စွတ်လေတယ်။ နောက်တစ်နေ့ မနက်မှာတော့ ထိုဟာတွေကို အပြင်ဘက်မှာ အခြောက်ခံထားကြပြီးတော့ သူတို့ညနေစောင်းလို့ တဲဆီ ပြန်လာရင် သိမ်းလို့ ရပြီပဲ ဖြစ်လေတယ်။
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...