(7)
ဟုန်ယွင်က အနည်းငယ် အံ့ကြသွားတယ်။ အနောက်ကို ပြန်လှည့်ကြည့်တော့ ချီဟန်က ကြောင်အနေတာ ကိုတွေ့လိုက်ရတယ်။ သူက အတိတ်တုံးကလိုမျိူး ချီဟန်ကို နှစ်သိမ့်ပေးလိုက် ချင်ပေမယ့် သူတို့ အုပ်စုထဲမှာ သူတို့ နှစ်ယောက်ပဲ ရွေးချယ်ဖို့ ကျန်တော့တယ်လေ။ ကျန်တဲ့ သူတွေ ကလည်း သူတို့ကို ကြည့်နေကြပြီးတော့ ပွဲတော်ကလည်း မရပ်ရသေးပေ။ အချိန်အရမ်းကြာ သွားရင် ကံမကောင်းမှုတွေ ဖြစ်လာနိုင်တယ်လေ။
ဟုန်ယွင် က ထိုအကြောင်းကို ခဏလောက် စဥ်းစားလိုက် ပြီးတော့မှ အရင်ဆုံး ရှေ့ထွက်လာကာ ရွေးချယ် မှုလုပ်လိုက်တယ်။
အရင်က ယောင် ကို သူသဘောကျခဲ့ပေမယ့် အခုတော့ ယောင်က လက်ထဲမှာ ဂျိုအန်းကို ကိုင်ပြီးတော့ တဲဆီကို ပြေးသွားပြီလေ။ သူဝမ်းနည်းမိပေမယ့် ဘဝကြီးက အရှေ့ကို ဆက်သွား နေရအုံးမှာပဲ! ထိုလူက သူနဲ့မှ အတူမရှိနိုင်မှာတော့ မေ့လိုက်ပြီး ခေါင်းကိုခါလိုက်တယ်။
သူ သားကောင်ရိုင်း တွေ လက်ထဲကနေ လွက်မြောက်လာ တုံးက ရေကမ်းပေးခဲ့တဲ့ သူ ဖြစ်တဲ့ ဝံပုလွေသားရဲ လူသား ရှိရာကို သွားလိုက်ပြီး လက်ထဲကို ပန်းခွေထည့်ပေး လိုက်တော့တယ်။
တစ်ခြားဘက်က သားရဲထီးရဲ့ မျက်လုံးတွေက တောက်ပ သွားပြီးတော့ အပျော်တွေနဲ့ ပြည့်နေတာကို သူမြင်လိုက်ရတယ်။ သူပေးမိတာ ကို နောင်တရသွားမှာ ကြောက်တဲ့ အတွက် ပန်းကိုယူကာ ဟုန်ယွင်ကိုပွေ့ချီလိုက်ပြီး ပျော်ရွှင်စွာ အော်ဟစ်ကာ တစ်ပတ်ပြေးပြီးမှ ခေါင်းဆောင် ဆီက အသားကင် တစ်ပိုင်းကိုယူပြီး တဲဆီကို ပြေးသွားတော့တယ်။
ချီဟန်က ချက်ချင်းကိုပဲ သူ့ရဲ့ သူငယ်ချင်းတွေ မင်္ဂလာ ဆောင်သွားတာကို တွေ့လိုက်ရတော့ အထီးကျန်မိသလို ခံစားရလေတယ်။ သူ့ရဲ့ မျက်လုံးတွေက အံ့သြမှုကြောင့် ပြူးကျယ်ပြီးကြောင်အနေလေတယ်။ သူ့ရဲ့ ခြေတွေ လက်တွေကိုတောင် ဘယ်နားကို သွားထား ရမှန်းမသိတော့ပါချေ။ သားရဲထီးတွေ အကုန်လုံးက သူ့ကို ကြည့်နေကြပြီးတော့ သူကတော့ ဘာလုပ်ရမှန်း မသိသေးပါဘူး!
![](https://img.wattpad.com/cover/325738356-288-k330032.jpg)
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...