အပိုင်း (77.1)

1K 101 0
                                    

(77. 1)

'' တကယ်လို့ ငါတို့သာ ဒီတံခါးကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် က သာ ဖွင့်ခဲ့ မိရင် ရှန့်ကွမ်းတိုက်က ငြိမ်အေးစွာနဲ့ တူညီယှဥ်တွဲနေတဲ့ အချိန်ဆိုရင် တိုက်ကွန်းခ်တိုက်နဲ့ ရှန့်ကွမ်းတိုက်တို့ ပေါင်းစည်း ဖို့က ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲ? လူသားကိုယ်နဲ့ဆိုရင်တော့ ကွာခြားမှု က သိပ်ပြီး မရှိပေမယ့် သားရဲပုံစံနဲ့ ဆိုရင်တော့ အတော်လေးကို အရွယ်အစားက ကွာခြားလွန်းတယ်။ ရှန့်ကွမ်းတိုက်က လူတွေက ငါတို့ကို အထင်သေးမှာတော့ မဟုတ်ပေမယ့် ငါတို့ရဲ့ စိတ်ထဲမှာ တော့ အကြောက်တရားကို ခံစား နေရလိမ့်မယ်။ အခုတော့ ငါတို့မှာ သံလက်နက်တွေ ရှိနေပြီ။ ငါတို့က သူတို့နဲ့ အဆင့်ချင်း တူအောင် လုပ်လို့ ရမယ့် အခွင့်အရေး  ရှိလာပြီလေ။ ''

ချီဟန် က ရောင့်ရဲတင်းတိမ်နေတဲ့ လူတွေကို ကြည့်ကာ ပြောလိုက်တယ်။

'' ငါ့မှာ အစီအစဉ် တစ်ခုရှိတယ်။ ငါတို့အတူ တကွ လက်တွဲဖို့တော့ လိုအပ်တယ်။ ပထမ ခြေလှမ်း အနေနဲ့ ပင်းက လူတစ်စု ကို ဦးဆောင် ပြီးတော့ ရှောင်ပိုင်ရဲ့ မျိုးနွယ်ထဲကို ပူးပေါင်းကာ သံကိုအရည်ကျို ပုံသွင်းတာကို ရဖို့ နည်းလမ်းရှာပြီးတော့ မျိုးနွယ်စု သားတွေက မင်းကို တဖြေးဖြေး ယုံကြည် ကိုးစားလာအောင် လုပ်ပါ။ မင်းမှာ ဘယ်လိုအမြင်ကောင်း တွေ ရှိနေသလဲ ဆိုတာကို သူတို့နားလည်အောင် ပြသ ရမယ်။ လူထုရဲ့ အမြင်ကို အသုံးချပြီးတော့ ယု နဲ့ ရှောင်ပိုင်တို့ကို ပြန်ပေါင်း စည်းအောင် လုပ်ပါ။ ပြီးတော့ ကျားဖြူမျိုးနွယ် ထဲက ရှောင်ပိုင် နေရာကို အစားထိုးလိုက်ပါ ''

'' ရှောင်ပိုင်ရဲ့ နေရာကို အစားထိုး ရမယ်? ''

'' ဟုတ်တယ်။ သူ့ရဲ့ နေရာကို ယူလိုက်ပါ။ ပင်း မင်းရဲ့ နှလုံးသား ထဲမှာ သိပြီးသား ဖြစ်မှာပါ။ ရှောင်ပိုင်က အခုထိ ကောင်းမွန်တဲ့ ခေါင်းဆောင် တစ်ယောက် မဟုတ်သေးဘူး။ သူက အတွေ့အကြုံ သင်ပြမယ့် သူ လိုအပ်နေသေးတယ်လေ။ ''

'' ဟင့်အင်း ။ ငါ သူ့နေရာကို မယူနိုင်ဘူး ''

'' ပထမအနေနဲ့ ကောင်းကင်ကျားဖြူက သူ့အပိုင် မဟုတ်ဘူး ။ ဒုတိယ အချက်က မင်းက ဒီလူတွေကို ကယ်ဆယ်ဖို့ လုပ်နေတာလေ။ တတိယ အနေနဲ့ ရှောင်ပိုင်က အနာဂတ်မှာ ပိုပြီး ရင့်ကျက် လာပြီ ဆိုရင် မင်းက သူ့ကို နေရာကို တိုက်ရိုက်ပဲ လွဲပေးလိုက်ရုံပဲလေ။ ''

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Dove le storie prendono vita. Scoprilo ora