(78.1)
မင်ကွမ်းက အိပ်ယာပေါ်မှာ လဲလျောင်းနေ ပြီးတော့ နှစ်ရာပေါင်း များစွာ က အဝေးကို ရောက်နေတဲ့ ညီလေးကို ကြည့်နေခဲ့တယ်။
သူက သူ့ညီလေး ကို မှတ်မိပါတယ်။ သူ့ညီလေးရဲ့ ကိုယ်နံ့ကမှ မပြောင်းသွားတာ ။ ကံတရား က အရမ်းကို ဆန်းကြယ်တယ်။
အရင်တုံးက သူဟာ သန်မာတဲ့ ကိုယ်နဲ့ သူ့ညီလေး ကို ဖယ်ရှားခဲ့ပြီးတော့ အစားအစာနဲ့ သရဖူ ကို ရယူခဲ့တယ်။
အခုတော့ သူ့ညီလေး က သူ့ဆီကို သန်မာတဲ့ ကိုယ်နဲ့ပြန် လာပြီးတော့ သူပိုင်ဆိုင်တာ တွေ ပြန်ပေးဖို့ တောင်းဆို နေခဲ့တယ်!
ဒါက ကောင်းကင် က ပြဠာန်း ထားတဲ့ ဝဋ်လည် တာ ဆိုတာ များလား။
သူ့ရဲ့ ပုန်ကန် တက်တဲ့ သားနှစ်ယောက်က သူ့ကို သိသိသာသာ ရော လျှို့ဝှက်စွာ ပါ နန်းစွန့်ခိုင်းကြ ပေမယ့် နောက်ဆုံးမှာတော့ သူတို့က သူ့ရဲ့ ကိုယ်ပိုင် ကလေးတွေ ပဲလေ။
သေချာတာပေါ့ သူ့ရဲ့ သားတွေကို ထီးနန်းလွဲပေးတာက သူ့ကို လုံးဝ ခံစားချက် မရှိတဲ့ သူ့ညီလေး ကို ပေးတာ ထက်စာရင်တော့ ပိုကောင်းတာ ပေါ့လေ။
'' ငါက မင်းနာမည် ဒါ့ဂါ ဆိုတာ ကို ကြားခဲ့ရတယ်။ တိုက်ကွန်းခ် တိုက်က လာတာ ဆို ''
'' ဟုတ်ပ ကျုပ်ရဲ့ ချစ်လှစွာသော အကိုကြီး ရယ်၊ ကျုပ်ကို မှတ်မိပါရဲ့လား?''
'' ဟီးဟီး အကို လို့ သာမန်ကာလျှံကာ မခေါ်ပါနဲ့ကွာ။ ငါ့မှာ ညီငယ်တွေ အများကြီး ရှိနေပေမယ့် တိုက်ကွန်းခ် တိုက်က တစ်ယောက် တော့ မရှိဘူးကွ။
ငါတို့ ကောင်းကင် မြွေမျိုးနွယ် အသေးလေး မှာပဲ ရှိကြတဲ့ သူတွေပဲ။ '''' မင်း ငါ့ကို မှတ်မိသလား၊ မမှတ်မိ ဘူးလားပဲဖြေ။ ငါနာမည် က ဟေး ပဲ။ ငါ့အမေ ငါ့ကို ပေးခဲ့တဲ့ အမည်ကို ငါမှတ်မိတယ်။ မင်ကွမ်း မင်းက မင်းညီလေး ရဲ့ အစားအစာတွေကို ညတိုင်း ခိုးယူပြီးတော့ စတေးခံ ဖို့ အဝေးတစ်နေရာကို ပို့ခဲ့တယ်။ မင်း ညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်တယ်လား? ''
'' တကယ်လို့ မင်းရှုံးသည် ဖြစ်စေ နိုင်သည် ဖြစ်စေ ဘာလို့ စိတ်သက်သာ ရမယ်လို့ မတွေးမိတာလဲ? တကယ်လို့ မင်းက ဒီလို ရန်လိုစွာနဲ့ မြို့တော် ဆီကို လာတယ် ဆိုတော့ ငါက မင်းကို သတ်လိုက်မှာ မကြောက်ဘူး လား ?''
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...