(53. 1)
ပင်းက သက်ပြင်းချ လိုက်တယ်။ ချီဟန် က အချိန်ထိ ကလေး မမေရသေးပေ။ သားပေါက်လေး တစ်ယောက် က မိခင် ဖြစ်သူ အတွက် ဘယ်လောက်တောင် အရေးပါ သလဲ ဆိုတာ ကို သူ နားမလည်သေးဘူးလေ။
တကယ်လို့ ကလေးကို ကိုယ်တိုင် မပျိူးထောင် ရတာ တောင်မှ ၊ အဲ့ကလေး က သူ့မိဘတွေကို တစ်ခါလေး မှတောင် မနမ်းရှိုက် တာတောင်မှ အဲ့ကလေးရဲ့ မိဘတွေ ရင်ထဲမှာတော့ ထိုကလေး နေရာကို အစားထိုး ဖို့က မဖြစ်နိုင်ပေ။
''ဒါက ကောင်းပါတယ်။ လုပ်ပေး စရာဆိုလို့ ဒီတစ်နည်းပဲ ရှိတော့တယ်။ ''
ပင်း ကလွတ်လပ်စွာနဲ့ လွယ်ကူစွာ ပြောလိုက်ပေမယ့် သူ့ရဲ့ နှလုံးသား ထဲမှာတော့ မသက်မသာ ဖြစ်ပြီးတော့ စိတ်ဓာတ်ကျ နေခဲ့လေတယ်။
ချီဟန် က ယန် ယူ လာတဲ့ အပင်ကို ပင်းအား ပြသ လိုက်လေတယ်။
'' ပင်း ဒါက ယန် ယူလာခဲ့တာ ဟာပဲ။ မြွေမဲ က ရှောင်ပိုင် ကို ဒီလို အပင်မျိုး က သားရိုင်းတစ်ဝက် တွေကို ကုသနိုင်တယ်လို့ ပြောတယ်တဲ့။ ကြည့်ပါအုံး။ မင်း ဒီအပင်ကို သိသလား? ''
ပင်း က အဲ့တာ ကို လက်ထဲ မှာ ယူလိုက်ပြီးတော့ အနီးကပ် ကြည့်လိုက်လေတယ်။ ပြီးတော့ သေချာလေး သူ့ရဲ့ နှာခေါင်းနားလေး ကို ဂရုတစိုက်ထားကာ အနံ့ ခံလိုက်လေတယ်။
'' ငါ ဒီလို အပင်မျိုး ကို တွေ့ဘူးတယ်။ ဒါပေမယ့် အဲ့တာကို ငါတို့ စားလို့ ရသလား ဒါမှမဟုတ် တစ်ခုခု ကို ကုသ ဖို့ သုံးလို့ ရသလား ဆိုတာ ကိုတော့ ငါလည်း မသိဘူး ''
'' အို ဒါကို မင်း ဘယ်နားမှာ တွေ့ခဲ့ ရတာလဲ?''
'' ငါနဲ့ ယန်မင်း တို့ ပြုတ်ကျသွားတဲ့ နွေးထွေးတဲ့ အပေါက်ထဲမှာ ရေပူစမ်း ရှိတယ်။ အဲ့ လိုအပင်တွေ က ရေပူစမ်း ရဲ့ ဘေးမှာပဲ ပေါက်နေကြတာလေ။ ''
လောင်ရှန်း တောင်တန်း ပေါ်မှာ တစ်ကယ်ကြီး ရေပူစမ်း တစ်ခု ရှိနေတယ်ပေါ့လေ?
ဒါက အရမ်းကောင်းတာပဲ !
ချီဟန် က တစ်ချို့သော စိတ်အား ထက်သန် မှုတွေ နဲ့ အတူ မေးမြန်း လိုက်တယ်။
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...