အပိုင်း (71. 2)

1.2K 150 1
                                    

(71. 2)

ပင်းက သူ့ဘေးကို လာပြီးတော့ ငုံ့ကြည့်လိုက်လေတယ်။

'' အဒေါ်တုံးဟွားနဲ့ အဒေါ် ဝေ့ဆီယာ တို့လာကြ ပါအုံး။ ကြည့်ရတာ မျိုးနွယ်စု စုန်းမ ကလေးမွေးတော့မယ် ထင်တယ်''

'' ဟိုနားမှာ တည်းခို တဲ့ အဆောင်လေး ရှိတယ်။ မြန်မြန် သူ့ကို အဲ့နေရာကို ခေါ်သွားပေး လိုက် ''

'' တုံ ၊ မြန်မြန်လုပ်စမ်းပါ။ တုံးအ မနေစမ်းနဲ့ !''

တုံက သဘာဝ ကျစွာနဲ့ လူတိုင်းရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီးတော့ ချီဟန်ကို ပွေ့ကာ လမ်းဘေးနား က တည်းခိုအဆောင်လေး ဆီ လျောက်သွားလေတယ်။

'' သွား၊ သွားပြီးတော့ ချန်းရှီးကို ကယ်ချည်။ မြန်​မြန် သွားပါ။ ငါက အဆင်​ပြေတယ်။ သွားပါဆို ''

ချီဟန်က နာကျင်နေစဥ် အတွင်းမှာပဲ တုံကို အမြန်တိုက်တွန်း လိုက်တယ်။ တုံက အကွာအဝေး တစ်နေရာဆီကို လျောက်သွားကာ ကောင်းကင်ပေါ်က တိုက်ပွဲကို ကြည့်လိုက် သွေးထွက်နေတဲ့ ချီဟန် ကို ကြည့်လိုက် လုပ်နေခဲ့တယ်။

'' အားဟန်......''

'' မင်း မြန်မြန်သွားစမ်းပါ။ ချန်းရှီးလေး တစ်ခုခု ဖြစ်သွား လို့ကတော့ ငါ မင်းကို တစ်သက်လုံး ခွင့်မလွှတ်ဘူး။ မင်း မြန်မြန်သွားစမ်းပါ။ ''

ချီဟန်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ နဲ့ပြည့်နေ လေတယ်။ သူက နာကျင်မှုကြောင့်လား စိုးရိမ်မှု ကြောင့်လား ဆိုတာကို သူကိုယ်တိုင်လဲ မသိတော့ပေ။ သူ့ကလေး ကို ကောင်းကင်ကနေ ​ပြစ်ချပြီးတော့ အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားတယ်လို့ တွေးမိတာနဲ့ သူက အတော်လေးကို နောင်တ ရလာတယ်။ သူက အဲ့ ခုန်းဆိုတဲ့ လူကို သေချာပေါက် အရင်ဆုံး ကိုယ်တွယ် ဖြေရှင်း ခဲ့သင့်တာ။

'' ကလေးတွေက မွေးမယ့် ရက်ကနေ လွဲချော်​နေတယ် ငါကြောက်မိတာက......  ''

အဒေါ်တုံးဟွား က အနည်းငယ် ကြောက်လန့် နေပြီးတော့ ခပ်တိုးတိုး ပြောလိုက်တယ်။

'' ငါ နားလည်ပါတယ် ။ မင်း အကောင်းဆုံးသာ တက်နိုင်သမျှ လုပ်ပေးပါ။ ပြီးတော့ ငါလည်း အကောင်းဆုံး တက်နိုင်သမျှ မင်းတို့နဲ့ ပူးပေါင်း ပေးပါ့မယ် ''

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now