(80.1)
ချီဟန် က အနောက်ကို ပြန်လှည့်ကာ အကွာအဝေး တစ်နေရာ ဆီကို လှမ်းကြည့်ပြီးတော့ သူကိုယ်တိုင် တဖြေးဖြေး တည်ဆောက် ခဲ့ရတဲ့ မျိုးနွယ် က မုန်တိုင်းနဲ့ မြေငလျှင်ကြောင့် တစ်စ တစ်စ ပျက်စီးလာတာ ကို တွေးကြည့်လိုက် မိတယ်။
ဆယ်နှစ်ကျော် အလုပ်ကြိုးစား ခဲ့ ရတာက အလကား ဖြစ်သွားတယ်။ ဒါတွေက မိုးရေတွေလား ဒါမှမဟုတ် မျက်ရည်တွေ လားဆိုတာကို တော့ သူမသိတော့ပေ။ သူ့ရဲ့ အမြင်အာရုံတွေက ဝေဝါးနေပြီးတော့ ထွက်သွား ရတယ်။ နေ့ရော ညပါ ကမ္ဘာမြေကြီး က အသာလေး တုန်လှုပ်နေဆဲ ဆိုတာကို သူတို့ ခံစားမိနေလေတယ်။
လက်ကို ဆန့်ထုတ်ကာ မျက်ရည်တွေ ကို သုတ်လိုက်ပြီး ချီဟန် က ခေါင်းကို ပြန်လှည့်လိုက်လေတယ်။ ပြီးတော့ သူ့နောက်ကနေ ကြောက်လန့်တကြား လိုက်လာတဲ့ လူအုပ်ကို ကြည့်လိုက်တယ်။
သည်းထန်စွာ ရွာနေတဲ့ မိုးထဲမှာ သူတို့ရဲ့ ပင်ပန်းနေတဲ့ ကိုယ်တွေက တုန်ရီ နေခဲ့ပါပြီ။ ပြီးတော့ သူတို့ကို သူပြန်ကြည့်လိုက်တဲ့ အချိန်တစ်ခဏ မှာပဲ သူတို့ကလည်း ယုံကြည်မှုတွေ ပြည့်ဝ နေတဲ့ မျက်ဝန်းတွေနဲ့ အတူ ချီဟန် ကို ပြန်ကြည့်လိုက်ကြတယ်။
ချီဟန် က သူ့ရဲ့ပျော့ညံ့မှုနဲ့ ဝမ်းနည်းမှုကို အဝေးဆီ လွှင့်ပစ်လိုက် လေတယ်။ ဒီလိုအချိန်မျိုးမှာ သူက သန်မာနေမှ ရမယ်ဆိုတာကို သူသိပါတယ်။ လူတစ်ယောက် သာ ဖြတ်သန်းသွားလို့ ရတဲ့ လမ်းကျဥ်းလေး ကို သူကြည့်လိုက်တယ်။
ဒီနေရာမှာ တစ်ခြား နည်းလမ်း မရှိတော့ဘူး!
ထိုကျဥ်းမြောင်းတဲ့ လမ်းလေးရဲ့ ဘေးနှစ်ဖက်က အသူရာချောက် ကြီးလို ရေတွေ ရှိနေကာ ထိုထဲက မိကျောင်းတွေ ကလည်း ပါးစပ် တွေကို အသင့်ဟ ထားကြလေတယ်။
ကြောက်လန့်တကြားနဲ့ အရှေ့ကို ဆက်တိုးသွားကြတဲ့ တိရိစ္ဆာန် တွေဆိုရင် တစ်ခါတစ်လေ မှာ တစ်ကောင် ဒါမှမဟုတ် နှစ်ကောင် က လေကြမ်းတိုက်ခိုက်မှုကြောင့် ဟန်ချက် ပျက်ကာ လွင့်ထွက်သွားပြီးတော့ ဘေးက ချောက်ထဲမှ ရေတွေထဲကို လွင့်စင် ကျသွားလေတယ်။ ရေထဲကို ကျသွားတဲ့ ' ပလုံ ' ဆိုတဲ့ အသံကြား ပြီးတာနဲ့ သားရဲတွေရဲ့ ဆွဲဆွဲငင်ငင် အော်မြည်သံတွေကို ကြားရတော့တယ်။
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...