(74. 2)
ထိုကိစ္စက အရမ်းကို အရေးကြီးလေတယ်။ ချီဟန် နဲ့ တုံ က အနိမ့်ပိုင်း မျိုးနွယ်တွေရဲ့ ခေါင်းဆောင်တွေကို ဆင့်ခေါ်ဖို့ သတိပေးချက် ထုတ်လိုက်ကာ ယို့ကိုတော့ ယန်မင်းအား စောင့်ရှောက်ခိုင်းလိုက်ပြီးတော့ သူ့ရဲ့ဖခင် က ရှောင်ပိုင် ဆိုတာကို သေချာအောင် မေးခိုင်းလေတယ်။
လူတွေ အများကြီး က ကြီးမားတဲ့ ကျောက်တုံးကြီး ရှေ့မှာ ရပ်နေကြပြီးတော့ သူတို့တွေ အကုန်လုံး က တိတ်ဆိတ်နေခဲ့လေတယ်။
'' ငါကတော့ ဒါကို မဖွင့်သင့် ဘူးလို့ ထင်တယ်။ အဲ့တာကို ငါတို့တွေ ပိတ်ပစ် သင့်တယ်။ ''
အချိန်အတော်ကြာပြီးတဲ့ နောက် ပင်းက ပြောလိုက်ပေမယ့် သူ့နှလုံးသား က ရုန်းကန်နေဆဲပါပဲ။ ရှောင်ပိုင်က ဒီဖြတ်လမ်းအကြောင်း သိနေသလား ဆိုတာ ကို သူသေချာမသိပေ။ ပြီးတော့ သားပေါက်လေး ကို ဒီနေရာ ရောက်လာတယ်ဆိုတာ မတော်တဆ လား ဒါမှမဟုတ် တမင်သက်သက် လား ဆိုတာကို သူမသိပေ။
တကယ်လို့ အဲ့တာက တမင်လုပ်တာ ဆိုရင် သူက ဘာအတွက်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်း က မလုပ်ခဲ့တာ လဲ?
သူက ဘာအတွက်ကြောင့် ပြန်လာပြီး တစ်ချက်လောက် လာမကြည့်ရတာလဲ?
တကယ်လို့ ဒါသာ မတော်တဆ ဆိုရင် သူက ဒီသားပေါက်လေးကို ရှာဖို့ ပြန်လာမှာလား?
သူက ရှောင်ပိုင်ကို ဟုတ်သေးရဲ့လား?
သူထွက်သွားတဲ့ အချိန်တုံးက ရှောင်ပိုင် က အရွယ်ရောက်နေ ပြီးသားလေ!
တကယ်လို့ သူ့မှာ ကလေးတွေ ရှိတယ်ဆိုရင်တောင် အံ့သြ စရာတော့ မဟုတ်တော့ဘူး ။
သူက ပြန်လာလောက်လား?
ပင်းရဲ့ အလိုလိုသိစိတ်က ထိုကလေးဟာ ရှောင်ပိုင်ရဲ့ ကလေးဆိုတာကို သိလေတယ်။ ပြီးတော့ သူ့ရဲ့ သွေးမျိုးဆက်မလို့ မှော်ဆန်တဲ့ အရာတစ်ခုကို မကြာခဏ ခံစားခဲ့ရတယ်။ ဒါပေမယ့် သူက တိုက် တစ်ခုလုံး ကို လုံခြုံ စွာထားဖို့က ပိုပြီးတော့ အရေးကြီးလေတယ်။
'' ငါက ပင်းရဲ့ ယူဆ ချက်ကို သဘောတူတယ်''
'' ငါလည်း ပင်းရဲ့ ယူဆ ချက်ကို သဘောတူတယ် ''
YOU ARE READING
[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...