လူအများအပြားလာရောက်ကြတဲ့ ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခု။တက်သစ်စမော်ဒယ် ဂျွန်ဂျောင်ဂုနဲ့နိုင်ငံကိုယ်စားပြုအလှမယ် မင်ဟေဂျင်းတို့ရဲ့မင်္ဂလာပွဲမို့ ရုပ်ရှင်နယ်ပယ်ထဲကတော်တော်များများကတက်ရောက်အားပေးကြသည်။
အဖြူ ရောင်မင်္ဂလာဝတ်စုံလေးနဲ့ကိုယ်ပေါ်တွင်ကွက်တိကျစွာဝတ်ဆင်ထားသော မင်ဟေဂျင်းဟာထိုမင်္ဂလာပွဲရဲ့အဓိကဇာတ်ဆောင်လိုဖြစ်နေသည်။
"ဒါနဲ့ဂျောင်ဂုရဲ့ ညီလေးရောမလာသေးဘူးလား။"
မှန်တင်ခုံရှေ့တွင်ထိုင်ကာ လက်ဝတ်ရတနာဝတ်ဆင်ရင်းမေးလာပြီး မှန်တင်ခုံဘေးမတ်တပ်ရပ်နေသောသူ့အားအကြည့်ရောက်လာသည်။
"ဟက်...သူကဂျီကျနေတာ မ,ရဲ့။သူလာမယ်မထင်ဘူး။"
"ဂျောင်ဂုရဲ့ ညီဝမ်းကွဲလေးကချစ်စရာလေးပါ။မ,တော့အဲ့ကလေး ဂျောင်ဂုကိုတွန့်တိုနေတာလေးကို အသည်းယားနေတာ။"
"သူက ကျွန်တော်အလိုလိုက်ထားတာမို့ နည်းနည်းဆိုးတာမို့ မ,ကပဲသည်းခံပေးပါလို့ ကျွန်တော်တောင်းဆိုပါရစေနော်...."
သူမရဲ့လက်ကလေးတွေကို အသာဆုပ်ကိုင်လိုက်ပြီး သူ့ကိုယ်ပိုင်လက်နက်ဖြစ်တဲ့ သမင်မျက်လုံးလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်လိုက်တော့ သူမကပြုံးပြလာသည်။
ဒါပေါ့ ဂျွန်ဂျောင်ဂုရဲ့ အကြည့်ကို ဘယ်မိန်းမကများလွန်ဆန်နိုင်ပါ့မလဲ။"ပြောစရာလိုသေးလို့လား။ဂျောင်ဂုရဲ့ ညီလေးကလည်း မ,ရဲ့မောင်လေးပဲပေါ့။အဲ့အတွက်ကြောင့်နဲ့ စိတ်ထဲအရမ်းကြီးတွေးမနေနဲ့ဦး။မ,ကအဲ့လောက်သဘောထားသေးသိမ်တဲ့မိန်းမ မဟုတ်ပါဘူးနော်..."
"ကျွန်တော်သိတာပေါ့~"
သူမရဲ့လက်ကလေးတွေကိုဆွဲယူကာ နှုတ်ခမ်းတို့နဲ့ထိတွေ့လိုက်ချိန် သူမကတော့အရှက်ကြီးကိုရှက်လို့နေသည်။သူ့အတွက်ကတော့ဘာမှမပိုဘူး သာမန်သရုပ်ဆောင်သလိုမျိုးသာ။
>>><<<
မင်္ဂလာပွဲအထမြောက်သွားသည်နှင့် သူ့လက်သူကြွယ်တွင် စိန်လက်စွပ်တစ်ကွင်းကနေရာယူလို့လာသည်။နားနေခန်းတွင်ထိုင်ကာ သူမအားစောင့်နေချိန် ကိုယ့်လက်ကိုယ်ပြန်ကြည့်နေလိုက်သည်။
