ထယ်ယောင်း ကားဂိတ်ရောက်သည်အထိငူငူငိုင်ငိုင်ကြီးဖြစ်နေတုန်း။ဒီလောက်ထိမြန်ဆန်လိမ့်မယ်လို့မထင်ထား။
"ငေးငိုင်မနေနဲ့ ဖြစ်ပြီးမှတော့ဘာလုပ်လို့ရမှာလဲ။ကျောင်းလည်းဆက်မတက်နဲ့တော့ အိမ်မှာသာမားကိုဝိုင်းကူပေါ့။"
"မား~ ပါးကိုတော့မပြောပါနဲ့နော်။ပါးသိသွားရင် ဂျောင်ဂုထိခိုက်လိမ့်မယ်။"
အမေရှေ့မှာတောင် သူ့လူကိုကာကွယ်ပေးနေသော ထယ်ယောင်းကြောင့် သူမနှာခေါ်င်းရှုံ့မိလိုက်သည်။
"အမလေးနော် ငါလူကြီးပါ သိပါတယ်။နင်သာ သူနဲ့ထပ်ပြီးအဆက်အသွယ်မလုပ်နဲ့။နင့်စိတ်ထဲတွေးထားရမှာက နင်နဲ့ဂျောင်ဂုနဲ့က ဘာမှမတော်စပ်ဘူး၊ဘာပတ်သတ်မှုမှမရှိတော့ဘူးလို့သာ မှတ်ထား။"
"မား~"
"တော် တော် ထယ်ယောင်း။ဘာမှထပ်မပြောနဲ့တော့..."
ထယ်ယောင်းသက်ပြင်းလေးချကာ တစ်နေရာကိုသာအကြည့်ပို့ထားလိုက်သည်။
>>><<<
ဂျောင်ဂုအခုတစ်လော နာမည်ရလာတာကြောင့် shooting တွေကမအားလပ်။အသည်းအသက်လေးကလည်း အဆက်အသွယ်မရ။သူတက်နေတဲ့ကျောင်းကို လိုက်သွားချင်ပေမယ့် နေရာတစ်ကာကန့်လန့်ကန့်လန့်လုပ်တတ်တဲ့မန်နေဂျာကြောင့် ပိုလို့ပင်စိတ်ရှုပ်ရသေးသည်။
"ဂျောင်ဂုရေ ဟေဂျင်းက နားချိန်ကျရင်Phပြန်ခေါ်ခိုင်းထားတယ်။"
"ထားလိုက် ဟျောင်း ကျွန်တော်ဖုန်းပြောချင်စိတ်မရှိသေးဘူး။"
ဂျောင်ဂုမနေ့က Staff အစ်မတစ်ယောက်ကိုအကူအညီတောင်းပြီး ထယ်ယောင်းသူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်ကိုစုံစမ်းခိုင်းထားတာကြောင့် ဒီညတော့ ထယ်ယောင်းနေတဲ့အဆောင်ကိုသူသွားဖြစ်မယ်ထင်တယ်။
"ဂျောင်ဂု အခုတစ်လောမင်းကိုကြည့်ရတာ အလုပ်ထဲစိတ်မပါသလိုမျိုးဖြစ်နေတယ်။ဟျောင်းကတော့ ဒီရက်ပိုင်းမင်းကိုပိုပြီးအားစိုက်စေချင်တယ်။"
Asia သာမကအနောက်နိုင်ငံတွေအထိနာမည်ရလာတာကြောင့် ဟိုပွဲ၊ဒီပွဲတွေကလည်းပလူပျံနေအောင်တက်ရသည်။Entertainment တွေကလည်း သူ့ထက်ငါအပြိုင် စာချုပ်ချုပ်ချင်နေသေးသည်။
သူကိုယ်တိုင်ကလည်း သူမရဲ့Shareတွေအများအပြားပါတဲ့ ထိုentertainmetမှာသာစိတ်မပါလည်းအခြေချနေရသည်။