ထယ်ယောင်းတော်တော်နဲ့မအိပ်ဖြစ်သေး။
မနက်ဖြန်ပိတ်ရက်ဖြစ်သော်လည်း assignment အတွက်ရေးစရာတစ်ချို့ကျန်သေးတာကြောင့် ကျောပိုးအိတ်ထဲက ဖိုင်တွေကိုထုတ်ပြီး စာဆက်ရေးရန်ပြင်လိုက်သည်။
ဂျောင်ဂုကြောင့်စိတ်မကောင်းဖြစ်နေပေမယ့် ထိုအတွေးတွေကိုသူမေ့ဖျောက်ရန် အတင်းကြိုးစားထားရခြင်းသာ။#ဒေါက်...ဒေါက်
ပြတင်းပေါက်နားထိုင်ကာ စာလုပ်ရင်း အနည်းငယ်မျက်စိညောင်းလို့လာသည်။ကောင်းကင်ကြီးကိုငေးနေမိတုန်း တံခါးခေါက်သံကြောင့် အပြေးလေးသွားဖွင့်လိုက်တော့ သူ့လူကြီးက လက်ထဲမှာအရက်ခွက်ကိုကိုင်ပြီးအခန်းထဲဝင်လာသည်။
"အာရီဂူး....စာလုပ်နေတာလား။ဟင်း...လိမ္မာလိုက်တာ"
အာလေးလျှာလေးနဲ့ပြောနေသော ဂျောင်ဂုကြောင့် ထယ်ယောင်းအနားကိုမသွားဘဲ တံခါးနားတွင်သာရပ်နေလိုက်သည်။
"ကိုယ့်ဆီကိုလာပါဦး~အသည်းအသက်လေးရဲ့။"
"မင်းမူးနေတာဆိုလည်း ကိုယ့်အခန်းထဲကိုယ်သွားတော့လေ။ငါစာလုပ်ရဦးမှာ ပြီးတော့ မင်းရဲ့မမလည်းစောင့်နေလိမ့်မယ်။"
ဂျောင်ဂုကို သူ့အခန်းထဲပြန်လွှတ်နေပေမယ့် သူ့စိတ်ထဲမှာတော့ဂျောင်ဂုအနားမှာသာအချိန်ပြည့်ကပ်နေချင်တာ။သူတို့နှစ်ယောက်တိုက်ခန်းမှာတုန်းကဆို သူကစာလုပ်၊ဂျောင်ဂုကသူ့ပေါင်ပေါ်ခေါင်းအုံးထားပြီး ဖုန်းကြည့်ရင်းနဲ့အချိန်ကုန်ကြသည်။
အိပ်ချိန်ဆိုရင်လည်း နှစ်ယောက်သား တော်တော်နဲ့မအိပ်ဘဲ စကားတွေပြောလိုက်၊စလိုက် နောက်လိုက်နဲ့သာ။အခုဆိုအဲ့လိုမျိုးနေလို့မှမရတော့တာ ဂျောင်ဂုကအိမ်ထောင်ကျပြီးသားလူတစ်ယောက်ဖြစ်သွားပြီလေ။အနည်းဆုံးတော့ သူ့ဘက်ကဆင်ခြင်သင့်တယ်မလား။"ဟက်!...မသွားပါဘူး။ဒီည ဂျွန်ဂျောင်ဂုက ဂျွန်ထယ်ယောင်းလေးနဲ့အတူတူအိပ်မှာလေ....ဟင်းး"
"ဟင်..."
ရီဝေဝေအကြည့်တွေနဲ့ ကုတင်ပေါ်ကထိုင်ပြီး သူ့ကိုကြည့်နေသော ဂျောင်ဂုကြောင့် ထယ်ယောင်းလက်ဖျားတွေပင်အေးစက်လာသည်။
