ဂျောင်ဂု party ပွဲမှာထိုင်နေပေမယ့် စိတ်ကသိပ်မပါတော့ပေ။ခုနတုန်းက ကြားခဲ့ရတဲ့စကားတွေသာ ပြန်ကြားနေသည်။အိမ်ပြန်ဖို့သာ အာသီသများနေပြန်သည်။
"ဂျောင်ဂု ငါ့ကိုခယ်မ မတော်ချင်ဘူးလား။"
ကိုယ့်အတွေးနဲ့ကိုယ်လွင့်နေတုန်း Sofia ကစသလို၊နောက်သလိုမေးလာသည်။ယောင်းဝူကတော့ လက်ထဲက wine ခွက်ကိုသာအရသာခံကာသောက်နေသည်။
"ဟက်...Sofia ငါကမင်းကိုခယ်မတော်ရမယ်ဟုတ်လား။"
သူရော၊ယောင်းဝူပါ သဘောကျစွာရယ်လိုက်ကြသည်။Sofia ကတော့ ဘာမှနားမလည်သလိုကြောင်ပြီးကြည့်နေသည်။
"ကဲ...ဒေါ်Sofiaမဖြစ်နိုင်တာကိုပြောမနေစမ်းနဲ့။ကိုယ့်ဘာသာကိုယ်သာ စားစရာရှိတာကိုစားပါ။"
ယောင်းဝူကဝင်ပြောပေမယ့် Sofia ကတော့ ထယ်ယောင်းကိုအခုနောက်ပိုင်းတစ်ဖွဖွမေးတတ်သည်။ကပြားတစ်ယောက်မို့ Sofia မှာရွှေရောင်ဆံပင်တွေကြောင့် Korea ရုပ်မပေါက်။
"ဂျောင်ဂုက အဲ့တစ်ယောက်ကိုတစ်ကယ်တွန့်တို့တာပဲ။နင့်ညီထယ်ယောင်းကို ငါတင့်တောင်းတင့်တယ်ထားမှာပါဟ..."
"Sofia...မင်းကထယ်ယောင်းကိုမနေ့တစ်နေ့ကမှမြင်ဖူးတာပါ။ငါနဲ့ ထယ်ယောင်းက ကလေးဘဝတည်းကနှစ်ယောက်အတူရှိလာတာလေ။မင်းနဲ့လွယ်လွယ်သဘောတူရက်ပါ့မလား။သူက ငါတစ်ခွန်းဆိုတစ်ခွန်းပဲ။
ဂျောင်ဂု ဂုဏ်ယူသလိုပြောနေပြီး သူ့မျက်နှာမှာလည်း ကျေနပ်မှုကအထင်းသား။
"နင်ကထိန်းချုပ်ထားတာလား..."
"မဟုတ်ဘူး သူ့ကိုငါပိုင်တာ~"
ဂျောင်ဂုနောက်ထပ်ဘာစကားမှပြန်မပြောဘဲ အဝေးတစ်နေရာကိုသာအကြည့်ပို့ထားသည်။Sofia ဘာတွေထပ်ပြောနေလည်းသူ့အာရုံထဲမရှိတော့ မနက်ကအဖြစ်အပျက်လေးတွေသာ တွေးနေလိုက်သည်။
"ကဲ~ ပြန်တော့မယ်။ယောင်းဝူနဲ့ Sofia ငါပြန်တော့မယ်။မင်းတို့လည်း ညဥ့်မနက်စေနဲ့။"
လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲကိုထည့်ကာ တစ်လှမ်းချင်းလျှောက်လှမ်းသွားပုံဟာ အသက်ရူမှားဖွယ်။ညာဘက် မျက်ခုံးနဲ့နှုတ်ခမ်းထောင့်နားက ဖောက်ထားသေးသည့်ဂျောင်ဂုဟာ ဆွဲဆောင်မှုရှိတာထက်ကိုလွန်နေသည်။
အမဲရောင်ပေါ်မှာ ငွေရောင်လေးတွေပြိုးပြိုးပြက်ပြက်နဲ့ အလှဆင်ထားသောဝတ်စုံက ဂျောင်ဂုနဲ့လိုက်ဖက်တာနေတာမျိုး။