ဂျောင်ဂုမနက်စောစော Alarm ပေးထားပြီး ဒယ်ဂူးကိုသွားရန်ပြင်ဆင်နေလိုက်သည်။
"ဒေါ်လေးသိသွားတယ်ဆိုပေမယ့် ထယ်ယောင်းက ဒယ်ဂူးမှာရှိမနေဘူးဆို ဘယ်လိုလုပ်မလဲ။ဖြစ်သမျှအကြောင်းအကောင်းပဲပေါ့~"
သူမ ပေးထားတဲ့ကားကိုပဲအခုတော့ယူသွားရဦးမှာပဲမဟုတ်လား။
ဂျောင်ဂုလည်း condo ကနေစောစောလေးပဲထွက်လာခဲ့လိုက်သည်။မဟုတ်ရင် နောက်ကျနေမည်စိုးသောကြောင့်။>>><<<
ထယ်ယောင်းမိုးလင်းတော့ အနည်းငယ်လန်းဆန်းနေသလို။အကြောင်းကတော့ မနေ့ညက သူ့ရဲ့ဂျောင်ဂုအသံကိုကြားလိုက်ရသည်သောကြောင့်သာ။
"ကိုကိုသာရှိရင် မနက်မိုးလင်းတိုင်းအမြဲအနမ်းခံရတာကိုသတိရလိုက်တာ ဟိ"
အိပ်ယာလေးထဲဘေးတစ်စောင်းလေးလှဲရင်း phထဲက ဂျောင်ဂုဓာတ်ပုံလေးတွေကိုကြည့်နေသော ထယ်ယောင်း။အပြုံးချိုချိုလေးတွေပြုံးပြနေသော ဂျောင်ဂုရဲ့ပုံရိပ်လေးတွေ၊ဆွဲဆောင်မှုပြင်းပြသော ဂျောင်ဂုရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်း ထယ်ယောင်းဝမ်းနည်းဝမ်းသာဖြစ်မိသည်။
"ငါ့အနားမှာ မင်းရှိနေရင်ကောင်းမယ် ကိုကို။ငါမင်းမရှိဘဲ အခုလိုနေရလိမ့်မယ်လို့ တစ်ခါမှမတွေးထားမိဘူး။မင်းပျော်နေတယ်မလား~"
ထယ်ယောင်း ပြိုဆင်းလာသောမျက်ရည်တွေကိုသုတ်လိုက်ပြီး အိပ်ယာထတော့သည်။ph က dateကိုကြည့်လိုက်တော့ နောက်တစ်ပတ်နေရင်သူတို့ Final year တွေတောင် exam ဖြေရတော့မယ်ဆိုတာကို note လုပ်ထားတာကြောင့် noti လေးကပေါ်နေသည်။
"ဂျီမင်းတို့ကိုသတိရလိုက်တာ~ ဟိုဆော့ဟျောင်းရော အစ်မဆိုဟီးရော ဟင်းး"
သက်ပြင်းလေးချရင်း အိပ်ယာတွေကိုသေချာသပ်သပ်ရပ်ရပ်ခေါက်ပြီး မနက်စာအရင်လုပ်ဖို့မီးဖိုခန်းလေးထဲဝင်ခဲ့လိုက်သည်။ထယ်ယောင်းအမေ မနေ့ကပေးသွားတဲ့ ကင်မ်ချီလေးတွေရှိသေးတာကြောင့် ထမင်းကြော်လေးသာစားရန်လုပ်နေသည်။
ဂျောင်ဂု ဒယ်ဂူးကိုအမြန်နှုန်းနဲ့မောင်းလာတာကြောင့် အချိန်စောကာရောက်လာခဲ့သည်။အိမ်ရှေ့ရောက်တော့ကြည့်လိုက်တော့လည်း သာမန်အတိုင်းသာ။
ဘဲလ်ကိုနှိပ်လိုက်တော့ ဒေါ်လေးကထွက်လာသည်။