"ထပ်ပြီးတော့ အန်နေတာလား ထယ်ယောင်း!"
ကြားလိုက်ရသော အသံကြောင့်ထယ်ယောင်းအိပ်ယာပေါ်ကိုကြည့်မိတော့ မားကသံပုရာရည်ခွက်လေးကိုင်ကာ ထိုင်နေသည်။
"မား~"
မားကသံပုရာရည်ခွက်လေးကိုစားပွဲပေါ်တင်ပြီး သူ့ကိုလာတွဲပေးသည်။
"အန်လိုက်တော့ရော သက်သာလား ထယ်ထယ်လေး။ဘယ်လိုနေသေးလဲ"
ထယ်ယောင်း သူ့ကိုကုတင်ပေါ်ရောက်အောင်တွဲကူပေးတဲ့မားရဲ့ ရင်ခွင်ထဲကိုတိုးဝင်လိုက်သည်။အခုချိန် သူအရမ်းငိုချင်နေတာကြောင့်။
"ဒါကဘာဖြစ်ရပြန်တာတုန်း ကလေးလဲမဟုတ်ဘဲ။"
"ရင်ဘတ်ထဲနေလို့မကောင်းဘူးမား~"
"ဘာတွေအစားမှားထားသေးလဲ။အခုတစ်လောမားရဲ့ထယ်ထယ်လေး အစားလည်းသိပ်ဟုတ်တိပတ်တိမစားဘဲနဲ့ကို။နေစမ်းပါဦး~ မားကိုကြည့်စမ်း"
သူ့ကို ရင်ခွင်ထဲကနေအတင်းထုတ်ပြီး သေချာစူးစိုက်ကြည့်နေတာကြောင့် ထယ်ယောင်းအနေခက်လာသည်။
"ဘာ...ဘာဖြစ်လို့..."
"ကင်မ်ထယ်ယောင်း!! မနက်ဖြန်ငါနဲ့ဆေးရုံသွားရမယ်"
"ကျွန်တော်က အကောင်းကြီးပါမားရဲ့။ဆေးရုံသွားစရာမလိုပါဘူး။ဆေးသောက်လိုက်ရင် ပျောက်သွားမှာ...."
ဘာမှမသိသေးဘဲ ထင်ရာပြောနေသော သူမရဲ့သားဖြစ်သူကြောင့် သူမကိုယ်တိုင်ချွေးစေးတွေထွက်လာရသည်။
"ဆေးသောက်လို့ပျောက်မယ့်ဟာမဟုတ်ဘူး ကင်မ်ထယ်ယောင်းရဲ့! နင့်ဟာက...နင့်ဟာက။ကင်မ်ထယ်ယောင်း ငါ့ကိုသတ်နေတာလား ဟမ်!။အမေကို သေစေချင်နေတာလားလို့ ကောင်စုတ်လေးရဲ့...ဟင့်"
"မား ဘာလို့ငိုနေတာလဲ"
သူပုခုံးတွေကိုဆွဲလှုပ်ပြီး ပြောလည်းပြောမျက်ရည်တွေလည်းကျနေသော အမေဖြစ်သူကြောင့် ထယ်ယောင်းရောဂါတွေပင်မေ့သွားသလို။
"နင်တို့နှစ်ယောက်အမှားမဟုတ်ဘူး ငါတို့လူကြီးတွေမှားခဲ့တာ။ဆိုးလ်မှာအတူနေပါရစေလို့ ပြောကတည်းက ငါနင့်ကိုမထည့်ပေးလိုက်သင့်ဘူး။အခုတော့ အားလုံးအကုန်ရှုပ်ကုန်ပြီ ကင်မ်ထယ်ယောင်းရဲ့ ငါ့ကိုသာသတ်လိုက်ပါတော့~"