သူလည်း ထယ်ယောင်းရဲ့အဖေနဲ့ အလုပ်တွေတွဲလုပ်တာမို့ အိမ်မကပ်ရပါ။နှစ်ယောက်စလုံး နယ်ဘက်တွေကိုအရောင်းအဝယ်ကိစ္စတွေနဲ့သွားရတာမို့ အိမ်ကအသည်းအသက်တို့သားအဖကို မားနဲ့သာထားခဲ့ရသည်။အနုပညာလောက ကတစ်ချို့လူတွေကပြန်ဆက်သွယ်လာပေမယ့် သူအဲ့လမ်းကိုဘယ်တော့မှပြန်လျှောက်တော့မှာမဟုတ်ဘူး။
အခုလည်းမနက်ဖြန် အဖေနဲ့အတူဂွမ်ဂျူးကို အလုပ်ကိစ္စသွားရမည်ကို ထုတ်ပိုးနေရသည်။"ကိုကို့ကို လာကူပါဦးအသည်းအသက်လေးရာ..."
"ဒယ်..."
ကုတင်ပေါ်မှာထိုင်ဆော့နေသော ထယ်ယောင်းနဲ့သားလေးကိုဂျောင်ဂု အဝတ်အစားတွေထည့်ရင်းကြည့်နေသည်။သားလေးက သူ့ကို ဒယ် လို့မပီကလာပီကလာဖြင့်ခေါ်နေပြီဖြစ်သည်။သို့ပေမယ့်လည်း သားလေးကအခုထိနို့မပြတ်သေးတာကြောင့် ထယ်ယောင်းမှာ ဆေးထိုးဆေးသောက်လုပ်နေရတုန်းဖြစ်သည်။
"ဗျာ~"
ဗျာလို့ ထူးလိုက်တာနဲ့ကို သားကတစ်ခစ်ခစ်ရယ်ကာသဘောကျနေတတ်သည်။သားလေးက လက်ခုပ်တီးကာရယ်နေပေမယ့် ထယ်ယောင်းကတော့သူ့ကိုခဏခဏမျက်စောင်းသာထိုးသည်။
"ကလေးကကွာ~ ကိုကို့ကိုမသနားဘူးလား။ကိုကိုလည်းနေခဲ့ချင်တာပေါ့ ဒါပေမယ့် အဖေကအသက်ကြီးပြီလေ ကိုကိုမလိုက်သွားရင် မကောင်းဘူးလေကွာ။အာ့!..."
သားလေးဆော့နေတဲ့ ငါးမန်းအရုပ်ပိစိလေးနဲ့ကောက်ပေါက်တော့ သူ့ကိုထိသွားသည်။မျက်ရည်လေးတွေကလည်း ရစ်ဝိုင်းနေပြီ။သားလေးက သူ့ပါပါးအရုပ်နဲ့ပေါက်လိုက်တော့ သူ့အရုပ်လေးကို လက်ညိုးလေးထိုးလိုက် သူ့ပါပါးကိုကြည့်လိုက်ဖြင့်။
"မသနားဘူး!။ပါးရဲ့အသက်ကအဲ့လောက်အိုစာမနေပါဘူး။ကိုကို့ဘာသာ မနေချင်နေတာမလား!!"
"မဟုတ်တာ ကလေးရာ~"
ထည့်လက်စအဝတ်လေးတွေကို ခဏချထားလိုက်ပြီး ကုတင်ဆီကိုလျှောက်လာတော့ သူ့ကိုနှုတ်ခမ်းလေးမဲ့ကာစိုက်ကြည့်နေသည်။သားလေးကို အရုပ်လေးပြန်ပေးပြီး ထိုင်လိုက်တော့ သူ့ကို လှန်းရိုက်သေးတာ။တစ်ကယ်ပါ ဂျွန်ထယ်ယောင်းက ကလေးဘဝကတည်းကသူ့ရဲ့ပျော့ကွက်ကိုသိနေပြီးသား။အမြဲကို အနိုင်ယူနေတော့တာ....