ဈာပန အခမ်းအနားတွေပြီးတော့ သူကဒေါ်လေးတို့နဲ့အတူဒယ်ဂူးကိုလိုက်လာခဲ့ရသည်။ဘူဆန်ကနေ ဒယ်ဂူးကိုသွားတဲ့ကားလမ်းပေါ်မှာ သူတို့စီးနင်းလာတဲ့ ကားလေးကတော့ တရွေ့ရွေ့သွားနေဆဲ။
"ထယ်ထယ်လေး ဒီမှာသားကိုကိုနဲ့အတူတူမထိုင်ဘူးလား။"
"ဟင့်အင်း~"
သူ့အဒေါ်ပေါင်ပေါ်က ခေါင်းလေးတသွင်သွင်ခါယမ်းကာ ငြင်းဆိုနေသောကောင်လေးကို သူကြည့်လိုက်တော့ အောက်နှုတ်ခမ်းကိုကိုက်ကာ သူ့ကိုအံကြိတ်ပြသည်။အနွေးထည်အနီရောင်လေးနဲ့ ဆံပင်ကောက်ကောက်လေးတွေနဲ့ကောင်လေးက သူနဲ့သိပ်မကွာဘူးဆိုတာ ဒေါ်လေးပြောပြလို့သိထားပြီးသား။
အံကြိတ်ပြကာ မျက်စောင်းထိုးနေသော ထိုကောင်လေးကိုဂျောင်ဂုမျက်နှာလွှဲလိုက်ပြီး ကားပြတင်းပေါက်ကိုသာအကြည့်ပို့ထားလိုက်သည်။"ဘာလို့လဲ။မား,ပြောထားမယ်နော် ကိုကိုဂျောင်ဂုဂီကို ရန်မလုပ်ရဘူးနော်။အခု ကိုကိုက မားတို့နဲ့လိုက်နေမှာဆိုတော့ ထယ်ထယ်လေးက ကိုကိုနဲ့အတူတူဆော့ရမယ်နော်။"
"ထယ်ထယ့်အရုပ်တွေကိုဖျက်စီးပြစ်ရင်ရော ဘယ်လိုလုပ်မလဲ~"
သူ့အမေရင်ခွင်ထဲဝင်ပြီး ကပ်ချွဲနေသော ထယ်ယောင်းလေးပါ။
"မဟုတ်တာ...ထယ်ထယ်လေးကသာ ဖျက်စီးပြစ်နေတာမဟုတ်ဘူးလား။ကိုကိုက ထယ်ထယ်လေးထက်တောင်လိမ္မာသေးတယ်"
"ဟင့်...ထယ်ထယ်ကအလိမ္မာဆုံးပါနော်~"
"အာရီဂူး~ ဟုတ်ပါပြီ ဟုတ်ပါပြီ"
သားအမိနှစ်ယောက်ရဲ့တီတီတာတာစကားတွေကိုကြားနေရသောဂျောင်ဂုလေးကတော့ မျက်ရည်တွေရစ်ဝိုင်းကာ အပြင်ကိုသာကြည့်နေမြဲ။
မေမေရှိတုန်းကဆိုရင် ညနေတိုင်းသူနဲ့အတူတူပုံတွေထိုင်ဆွဲကြတာ။ဖေဖေပြန်လာရင် မိသားစုအတူတူထမင်းစားပြီး TV drama ကြည့်ကြရင်း သူ့ဟာသူ့အိမ်မက်လေးတွေကိုမိဘနှစ်ပါးအားအမြဲပြောလေ့ရှိသည်။ပြန်တွေးကြည့်လိုက်တော့ သူဟာမိဘမဲ့တစ်ယောက်ဖြစ်နေပြီပဲ။အတွေးနယ်ချဲ့နေသောဂျောင်ဂုကတော့ ဒယ်ဂူကိုရောက်မှန်းမသိရောက်သွားခဲ့ပေမယ့် ကားပေါ်ကထယ်ယောင်းလေးကတော့ နှုတ်ခမ်းလေးကိုဆူပုတ်ကာလိုက်ပါလာခဲ့သည်။