"ကိုကို ပါးက ငါတို့ကိုဘာမှပြောမသွားဘူးနော်။"
အဒေါ်ဖြစ်သူက သူတို့နှစ်ယောက်ကိုခွင့်လွှတ်ပေမယ့် ဦးလေးက ဘာမှမပြောဘဲ ထယ်ယောင်းရဲ့ကိုယ်ဝန်ကိုဂရုစိုက်ကြရန်သာမှာသွားသည်။
"ပါးက ကိုယ်တို့ကိုခွင့်လွှတ်ပြီးသားပါ ကလေးရာ..."
ထယ်ယောင်း သူခေါ်သလိုလိုက်ပြီး ပါးလို့ခေါ်နေသောဂျောင်ဂုကြောင့်ရယ်ချင်စိတ်ကို နှုတ်ခမ်းတွေခပ်တင်းတင်းစိပြီးထိန်းထားတော့...
"အဲ့ရုပ်က ဘယ်လိုဖြစ်နေရတာတုန်း~"
"ဟင့်အင်း...ပါး တဲ့လား...ဟိဟိ"
ဂျောင်ဂု သူ့ကိုလှောင်နေသော ထိုကောင်လေးအား နှုတ်ခမ်းလေးကိုတစ်ချက်ထိရုံလေးနမ်းလိုက်ပြီး မျက်ခုံးပင့်ပြကာ...
"သူ့သားကိုလက်ထပ်ထားမှတော့ ကိုယ်က ပါး လို့မခေါ်လို့ ယောက္ခမကြီးလို့ခေါ်ရမှာလား။ပြီးတော့ သူ့သားလေးမှာကလည်း ကိုယ့်အချစ်သက်သေ အထုတ်နဲ့အထည်နဲ့ဖြစ်နေပြီလေ~"
"ဟာ...ကိုကို အရှက်မရှိတဲ့ကောင်!"
သူ့ကိုမျက်စောင်းထိုးကာ ထထွက်သွားရရန်ပြင်နေသော ကိုယ်လုံးလေးကို လက်ကလေးကနေ အသာလေးဆွဲထားတော့မရုန်းဘဲ အလိုက်သင့်လေးပြန်ထိုင်ပြီး သူ့ကိုကျောပေးထားသည်။
ထို့နောက် ဆိုးလ်ကနေယူလာတဲ့ ကွာရှင်းစာချုပ်လေးကိုထုတ်ပြလိုက်သည်။အနောက်ကနေသိုင်းဖက်ထားပြီး လက်ထဲထည့်ပေးလိုက်တော့ ယူကြည့်ရှာသည်။"အင်း...ကိုကိုအားလုံးဖြေရှင်းပြီးသွားပြီမို့ ကိုကို့ကိုအများကြီးယုံကြည်ပေးပါ ကလေးလေး~"
"အဲ့မမက အလွယ်တကူလက်မှတ်ထိုးပေးလိုက်တာပဲ။ငါလေ အဲ့မမကိုသနားတယ် သိလား။သူက ကိုကို့ကိုတစ်ကယ်ချစ်တာနဲ့တူတယ်။"
သူလည်း သက်ပြင်းချကာ ထယ်ယောင်းရဲ့ပုခုံးလေးပေါ်မေးတင်လိုက်ပြီး နားနောက်လေးကိုတစ်ချက်နမ်းလိုက်သည်။
"အင်း~ ကိုယ်သိတယ်။ဒါပေမယ့် ကိုယ်ကအရင်ကတည်းကသူမကိုမချစ်ခဲ့ဘူးလေ။သူမကလည်းသိပြီးသားတဲ့..."