ထယ်ယောင်းရဲ့ကိုယ်ဝန်ကအခုဆို 8/9 လကြားရောက်နေပြီဖြစ်တာကြောင့် အများကြီးဂရုစိုက်နေရသောဂျောင်ဂု။
"ဂျောင်ဂုဂီရေ မားကိုခြံထဲကပန်းအိုးလေးရွေ့ပေးပါလား။"
အခုနောက်ပိုင်း သူတို့ဆီကို ဒေါ်လေးကလာနေတာကြောင့် ဆိုးချင်တိုင်းမဆိုးရသောထယ်ယောင်းကတော့ တစ်နေ့တစ်နေ့ TV ကြည့်ရင်းသာ။
အခေါ်အဝေါ်ပါပြောင်းလဲခေါ်သော ဒေါ်လေးဖြစ်သူကြောင့် ဂျောင်ဂုဝမ်းသာတာထက်ကိုပိုလွန်းသည်။ထယ်ယောင်းအဖေကတော့ အရင်ကလောက်မဟုတ်ပေမယ့် ထယ်ယောင်းရဲ့ကိုယ်ဝန်အကြောင်းကိုခဏခဏဖုန်းဆက်မေးသည်။"မားကလည်း ကိုကို့ကိုပဲခိုင်းနေတယ်။"
"သူ့ကိုမခိုင်းလို့ နင်ကလာလုပ်ပေးမှာမို့လို့လား။တစ်ကယ်တည်း ဖြစ်ပျက်နေလိုက်တာ..."
"မားနော်~"
တစ်နေ့တစ်နေ့ တကျတ်ကျတ်ရန်ဖြစ်တတ်သောသားအမိနှစ်ယောက်ကြောင့် ဂျောင်ဂုမှာမပြင်းရ။
"ကလေးကလည်း မားကိုအဲ့လိုမပြောရဘူးလေ။ခဏပဲ ကိုကိုပြန်လာမယ်"
"မြန်မြန်ပြန်လာနော် တော်ကြာဗိုက်ထဲကပေါက်စလေးငိုနေလိမ့်မယ်~"
"ဟုတ်ပါပြီဗျ~"
နောက်တစ်ပတ်နေရင် Due date ပြည့်ပြီမို့ဆေးရုံတက်ရတော့မည်ဖြစ်သည်။အင်း...မကြာခင်သူတို့ပေါက်စလေးက အပြင်လောကကြီးကိုရောက်လာတော့မယ်မဟုတ်လား။
ရင်သားတွေကို နို့ရည်ထွက်အောင်ဆေးထိုးထားတာမို့ အနည်းငယ်ပြည့်ဖောင်းဖောင်းလေးဖြစ်နေပြန်သည်။ပူဖောင်းကြီးလိုဖောင်းကားနေတဲ့ ဗိုက်ကလေးကလည်း သူ့ပါပါးကိုနမ်းလိုက်တိုင်း ရေလှိုင်းတွေလိုလှုပ်ရှားနေတတ်သည်။"ထယ်ယောင်းလေးဆေးရုံတက်ဖို့အားလုံးပြင်ဆင်ပြီးသွားပြီလား။"
"ဟုတ် မား~"
သူလည်းထယ်ယောင်းခေါ်သလို မားလို့ခေါ်တာကို အကျင့်ဖြစ်နေပြီဖြစ်သည်။ဦးလေးကိုလည်း ပါးလို့ခေါ်ချင်ပေမယ့် မခေါ်ရဲသေးတာကြောင့် ဦးလေးဟုသာ ခေါ်နေရသည်။ထယ်ယောင်းက အမေနဲ့တူတာမဟုတ်ဘဲ တစ်ကယ့်ကိုအဖေတူတာနေမည်။