ဂျောင်ဂုကို သွားရေးလာရေးအဆင်ပြေအောင် သူမကကားတစ်စီးစီစဉ်ပေးထားသည်။သူမက အတော်ချမ်းသာတဲ့အထဲပါတယ်လို့ပဲပြောရမည်။
"သြော်...ထယ်ယောင်းလေးတောင်ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပြီပဲ။ကဲလာ မနက်စာအဆင်သင့်ဖြစ်နေပြီ။"
"ဟို...ကျွန်တော်ကျောင်းရောက်မှပဲ သူငယ်ချင်းတွေနဲ့အတူတူစားမလို့။မမနဲ့ဂျောင်ဂုတို့ပဲ စားလိုက်ကြပါ။"
လှည့်ထွက်ဖို့လုပ်ပေမယ့် ဂျောင်ဂုကသူ့လက်ကိုမလွှတ်ပေးပါ။
"လွှတ်လေ~"
လေသံတိုးတိုးလေးနဲ့ပြောလိုက်တော့ ရယ်ပြကာ...
"မ,ကျွန်တော်လည်းမစားတော့ဘူး။shooting ကိုနည်းနည်းစောစောရောက်ပြီး camera man နဲ့တိုင်ပင်စရာလေးရှိတော့ အပြင်မှာတစ်ခုခုဝယ်စားလိုက်မယ်လေ..."
"အချိန်ကမရတော့လို့လား။မနက်စာကို မ,ကသေချာပြင်ခိုင်းထားတာကို..."
"sorry ပါမ,ရယ် နောက်နေ့ကျရင် ကျွန်တော်တို့အတူတူစားမယ်လေ နော်"
သူမမျက်နှာကတော့သိပ်မကောင်းပေမယ့် ဒီတစ်ခါတော့ သူမကိုလျစ်လျူ ရှုကာ သူ့အသည်းအသက်လေးကိုမနက်စာစားရင်းချော့မှရမည်မဟုတ်လား။
"ဟုတ်ပါပြီ ဒါဆိုထယ်ယောင်းလေးကိုကျောင်းတစ်ခါတည်းဝင်ပို့မှာမလား။သွားကြတော့လေ နောက်ကျနေလိမ့်။"
ထယ်ယောင်းကတော့ တစ်ခွန်းမှဝင်မပြောဘဲ သူ့လက်ကိုအတင်းအကြပ်ဆုပ်ကိုင်ထားသောဂျောင်ဂုကြောင့် မျက်နှာကပူလှပြီ။ပြီးတော့ ဂျောင်ဂုရဲ့တရားဝင်အိမ်ထောင်ဘက်ရဲ့အရှေ့မှာလေ။
ဂျောင်ဂုနဲ့ ထယ်ယောင်း နှစ်ယောက်ထွက်သွားတာကို ဟေဂျင်းလိုက်ကြည့်မနေတော့ဘဲ မနက်စာ soup နွေးနွေးလေးကိုသာစားလိုက်နေလိုက်သည်။
"သမီးလေး သူတို့ကညီအစ်ကိုအရင်းတွေလား။"
"တစ်ဝမ်းကွဲတွေလေ။ဂျောင်ဂုအမေနဲ့ထယ်ယောင်းရဲ့အမေက ညီအစ်မတွေလို့ဂျောင်ဂုပြောဖူးတယ်။ဘာဖြစ်လို့လဲ အဒေါ်ကြီးရဲ့..."
သူမ မနက်ကအိမ်အပေါ်ထပ်ကိုသန့်ရှင်းရေးလုပ်နေရင်းတွေ့လိုက်ရတာတွေက တစ်ခုခုမှားနေသလို။ဟိုကောင်လေးရဲ့အခန်းထဲဝင်သွားတဲ့ သားဂျောင်ဂုကိုတွေ့လိုက်ပေမယ့် ဘာမှမဖြစ်သေး။ပြီးတော့ တံခါးမပိတ်ခင်မြင်လိုက်ရတာက...မဟုတ်လောက်ပါဘူးလေ။