chapter-4

3.2K 225 0
                                    

ဂျောင်ဂုက နာမည်ကြီးမော်ဒယ်တစ်ယောက်တော့မဟုတ်ပေမယ့် သူ့Fanအနည်းငယ်ရှိတာကြောင့် ပေါ်ပေါ်ထင်ထင်သွားလို့မရ။mask ကိုတပ်ကာ ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားကာ ဂျောင်ဂုအမှန်းမသိသာအောင် ဝတ်စားထားရသည်။
ထယ်ယောင်းအတွက်ကတော့ အနောက်ကကြည့်ရင်တောင် ဘယ်လိုပဲကြည့်ကြည့် နှစ်ခါကြည့်စရာမလိုအောင်မှတ်မိနေပြီးသား။

"အသည်းအသက်လေးရေ...တွေးလှချည်လား။ဘာတွေအဲ့လောက်တောင်တွေးနေတာတုန်း။"

"အကျင့်မကောင်းတဲ့ အံစားတုံးလိုလူအကြောင်းတွေးနေတာ!"

"ဟက်...ဟား ဟား တစ်ကယ်ပါကွာ မင်းလေးကတော့ အရစ်သန်လေးပဲ။"

ထယ်ယောင်းမနက်က ချထားတဲ့ဆုံးဖြတ်ချက်က်ကိုတော့ ဂျောင်ဂုကိုပြောမှဖြစ်မည်။သူလိပ်ပြာလုံချင်တယ်။သူများအိမ်ထောင်ရေးကို အခုလိုဝင်ရှုပ်နေလို့ရမလား။ဘယ်လောက်ပဲချစ်ချစ် လူ့ကျင့်ဝတ်ကရှိသေးတယ်မလား။ပြီးတော့ ဒီညီအစ်ကိုဆိုတဲ့စည်းကိုဖောက်ဖျက်ထားတာနဲ့တင် တော်လောက်ပြီထင်တယ်။

"ဂျောင်ဂု...."

"အင်းးး...ပြောစေဗျာ~"

"ငါတို့ဒီအတိုင်းလေးပဲနေလည်းအဆင်ပြေပါတယ်။တရားရုံးကိုငါမသွားချင်တော့ဘူး..."

"အကြောင်းပြချက်?"

"ဘာကိုလဲ"

"ထယ်ယောင်းပြောတဲ့ စကားအတွက် အကြောင်းပြချက်တော့ရှိမှာပေါ့။"

"ဒီ...ဒီအတိုင်း ငါလူ့ကျင့်ဝတ်ကိုမဖောက်ချင်ဘူး။"

#ကျစ်!

ဂျောင်ဂုစိတ်မရှည်စွာ အသံထွက်လာတော့ ထယ်ယောင်းကုတင်ပေါ်ထိုင်ချလိုက်ပြီး လက်တွေကိုကုတ်ဖဲ့နေမိသည်။
ဂျောင်ဂုဆီက...စိတ်မရှည်သလိုအသံမျိုးကြားတာနဲ့ လူကအလိုလိုငိုချင်လာရော...

"ကိုယ်ပြောပြီးသား ဒါတွေကမင်းအပြစ်တွေမဟုတ်ဘူး။ကိုယ်အားလုံးစီစဉ်ပြီးသားမို့ မင်းကကိုယ်စီစဉ်တဲ့အတိုင်းလိုက်ခဲ့ပေးရုံပဲ။"

"ဘာလဲ လူတွေအလယ်မှာ မျက်နှာပြောင်တိုက်တဲ့ ယောက်ျားတစ်ယောက်အနေနဲ့လား။"

Without You [completed]Onde histórias criam vida. Descubra agora