✓ warning : This chapter include age alerts.
..
..
..
..
..
"ဂျွန်ထယ်ယောင်း...ကိုယ့်ကိုချစ်ခွင့်ပေးပါလား~"ဂျောင်ဂုပြောလိုက်သောစကားကို ထယ်ယောင်းအများကြီးနားလည်ပါသည်။ဂျောင်ဂုတစ်နေ့ကျရင်ခွင့်တောင်းလာမည်ဆိုတာကိုလည်းသူသိပြီးသား။သူ့စိတ်တွေကိုပြင်ဆင်ပြီးသွားမှ အခုလိုမြန်မြန်ဆန်ဆန်ကြီးပြောလိမ့်မယ်လို့မထင်ထားခဲ့ပါ။
ရုတ်တရတ်ကြီး ထယ်ယောင်းမှာ ဂျောင်ဂုအားဘာမှပြန်မပြောနိုင်ဖြစ်သွားရသည်။ဂျောင်ဂုကလည်း ထယ်ယောင်းဆံပင်လေးတွေကို နားရွက်နောက်နားသပ်တင်ပေးရင်း ရီဝေဝေအကြည့်တွေနဲ့ညှို့ယူနေသည်။
"နော်လို့~ ကိုယ်တို့နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသွားပြီပဲ။နော်!"
"ဘာ...ဘာတွေပြောနေတာလဲ ဂျောင်ဂုရာ။ဖယ်စမ်းပါ ငါ့အပေါ်က..."
"ဘာဖြစ်နေတာလဲကွာ ဒီမှာကိုယ်ပြောပြမယ် ထယ်ယောင်းမင်းသိထားဖို့က မင်းရောကိုယ်ရောက ချစ်သူတွေ၊ရည်းစားတွေ ဖြစ်နေပြီးသား။မင်းယုံကြည်ရမှာ ဟောဒီကဂျွန်ဂျောင်ဂုကိုပဲ။အတွေးမလွန်စမ်းနဲ့ ကိုယ်မကြိုက်ဘူး။အရာရာမင်းသဘောကျထားပေးထားပေမယ့် တစ်ခါတစ်လေ ကိုယ်ပြောတဲ့စကားတွေ၊အပြုအမူတွေကို မင်းအလေးအနက်ထားသင့်တယ်။"
အပေါ်ကဂျောင်ဂုကတော့ သူ့ပါးနှစ်ဖက်ကိုလက်နဲ့အုပ်ကိုင်လို့လာသည်။
"ဟင့်အင်း ငါတို့ဒီအတိုင်းလေးပဲနေကြရအောင်ဂျောင်ဂု။ငါတို့နှစ်တွေအကြာကြီးအတူတူရှိပြီးခဲ့ကြပြီပဲ တစ်ယောက်မရှိရင်တစ်ယောက်ကမဖြစ်ဘူးဆိုတာကြီးကို ငါတို့ရပ်တန့်သင့်ပြီ။"
"မင်းထင်လား မင်းမရှိဘဲကိုယ်နေနိုင်မယ်ထင်လား။ဖြစ်နိုင်ရင် မျက်စိအောက်ကတောင်မင်းကိုအပျောက်မခံချင်ဘူး။"
"ဒါဆို တစ်သတ်လုံးငါက မင်းကိုတရားဝင်မပိုင်ရတော့ဘူးလား~။"
ထယ်ယောင်းညိုးငယ်စွာမေးလာတော့ ဂျောင်ဂုစိတ်မကောင်းဖြစ်မိသေးသည်။
"မဟုတ်တာ ကလေးရာ။ကိုယ်ကမင်းအတွက်ပါ။အချိန်အတိုင်းအတာတစ်ခုပဲကိုယ့်ကိုစောင့်ပေး ကိုယ့်မှာအခြေအနေတစ်ခုဖြစ်သွားပြီဆိုတာနဲ့ ကိုယ်တို့နှစ်ယောက်အတူတူအိမ်လေးတစ်လုံးမှာနေကြမယ်။"
