ထယ်ယောင်းကတော့ ဂျောင်ဂုနဲ့မတွေ့အောင်ရှောင်နေပေမယ့်လည့် တဖြည်းဖြည်းအတင့်ရဲလာသည့်ဂျောင်ဂုကတော့ သူ့အခန်းထဲကိုညတိုင်းနေမြဲ။မချစ်လို့မဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ သူတို့နှစ်ယောက်ဆင်ခြင်သင့်တယ်မလား။
ထယ်ယာင်းရဲ့ကျောင်းပိတ်ရက်မို့ ညနေထမင်းစားဝိုင်းတွင် စိတ်မပါပေမယ့် လာစားရသည်။မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဂျောင်ဂုကတော့ သူ့ခြေထောက်တွေကိုမထိတထိပွတ်သပ်လို့နေသည်။
"ထယ်ယောင်းလေး စားရတာအဆင်ပြေတယ်မလား။တစ်ခုခုစားချင်တာရှိရင် အဒေါ်ကြီးကိုပြောလိုက်ဦး...."
"ဟုတ်မမ ကျွန်တော်အဆင်ပြေပါတယ်။"
"ထယ်ယောင်းလေး မုန့်ဖိုးလည်းရောရှိသေးရဲ့လား။အခုတစ်လော မုန့်ဖိုးမတောင်းဘူး။"
ဂျောင်ဂုကမေးလာပေမယ့် ထယ်ယောင်းပြန်မပြောမိ။ဂျောင်ဂုကတော့ မနေ့ညကအသည်းအသက်လေးအား အကြင်နာတွေပေးထားတာကြောင့် စိတ်ကောက်နေမှန်းသိသည်။
"သမီးလေး စားရတာအဆင်ပြေရဲ့လား။"
သုံးယောက်အတူတူ စားနေတာကိုဟေဂျင်းကိုသာ ကွက်ပြီးမေးလာသော အဒေါ်ကြီးကြောင့် ထယ်ယောင်းရော၊ဂျောင်ဂုပါ မသိမသာလေးအကဲခတ်လိုက်သည်။
စူးရဲစွာကြည့်လာသည့် အဒေါ်ကြီးကြောင့် ထယ်ယောင်းထမင်းပင်မြိုမကျတော့။"ကောင်းကောင်းစားခဲ့ရပါတယ်~"
ထယ်ယောင်း ခပ်မြန်မြန်နှုတ်ဆက်ပြီး အခန်းထဲဝင်ကာတံခါး lock ချထားလိုက်သည်။lock ချထားပေမယ့်လည်း ညကျရင်ဂျောင်ဂုက masterkey နဲ့သူ့အခန်းထဲဝင်လာမှာမလွဲပေ။
>>><<<
"ကလေးလေး ကိုယ့်ကိုအနမ်းလေးပေးပါဦး။ဒီနေ့ shooting ကအရေးကြီးတော့ ကိုယ့်ကိုအားဆေးလေးပေးပါဦးကွာ~"
"ဂျောင်ဂု ဘယ်လိုဖြစ်နေတာလဲကွာ~ အခုဟာက မင်းကတဖြည်းဖြည်းဆိုးလာပြီ။"
ဂျောင်ဂုမျက်နှာတောင်မသစ်ရသေးဘဲ ထယ်ယောင်းအခန်းထဲရောက်နေခြင်း။အခန်းအပြင်မှာတော့ တံခါးနားကိုကပ်ကာ နားထောင်နေသော မိန်းမကြီးတစ်ယောက်။
