ထယ်ယောင်းရဲ့အမေဖြစ်သူ သူ့အဒေါ် ရှိတာကိုပါ အာရုံထဲမရောက်တော့ဘဲ အရှေ့က သူ့ရဲ့အလွမ်းဖြေဆေးလေးကိုသာ အတင်းဖက်တွယ်ထားလိုက်သည်။
အနည်းငယ်လန့်နေသော ထယ်ယောင်းကလည်း ထိုအတိုင်းတောင့်တောင့်လေးသာရပ်နေမိသည်။"ကိုယ်ဖြင့်တစ်အားလွမ်းနေခဲ့တာ~ ကိုယ့်ကလေးလေးရာ..."
ထယ်ယောင်းရဲ့အမေဖြစ်သူကတော့ မီးဖိုခန်းထဲကိုဝင်သွားသည်။ထယ်ယောင်းကတော့ အခုထိမလှုပ်မယှက်ဖြင့်။ထယ်ယောင်းကို ရင်ခွင်ထဲကထုတ်ပြီး ထယ်ယောင်းရဲ့ပါးလေးနှစ်ဖက်ကို သူ့လက်တွေဖြင့်ညင်ညင်သာသာလေးကိုင်ထားသည့် ဂျောင်ဂု။
"ကိုယ်လေ ရူးတော့မလိုပဲ ဖြစ်နေခဲ့တာ သိရဲ့လား~ hmm...။အာ...မျက်ရည်တွေမကျရဘူးလေ ကလေးရာ"
ဂျောင်ဂုကိုပြန်ကြည့်နေရင်း မျက်ရည်တွေတဖြည်းဖြည်းကျလာသောထယ်ယောင်းကြောင့် ဂျောင်ဂုမျက်ရည်တွေကိုခပ်ဖွဖွသုတ်ပေးလိုက်သည်။
"ကိုယ့်ကိုဘာလို့ထားသွားရတာလဲ ကိုယ့်ကိုမယုံကြည်တော့ဘူးလားကွာ"
"ဂျောင်ဂု~"
ထယ်ယောင်းအသံတိုးတိုးလေးဖြင့်ခေါ်လိုက်တော့ ဂျောင်ဂုကခပ်ပြုံးပြုံးလေးဖြင့်ကြည့်ကာ
"hmm~"
"မား...မားသိသွားပြီ ငါတို့အကြောင်းတွေကို။ဟင့် ငါ့မှာရွေးချယ်စရာမရှိခဲ့ဘူး။မင်းကိုစွန့်လွှတ်..."
"shh~ အဲ့ဒီ့ မင်းကိုစွန့်လွှတ်မယ်ဆိုတဲ့စကားကိုထပ်မပြောပါနဲ့ကွာ...။ကိုယ်ကမင်းလို မရင့်ကျတ်ဘူးကလေးရဲ့ ကိုယ်ရူးသွားလိမ့်မယ်~။ဒေါ်လေးကို ကိုယ်အားလုံးတောင်းပန်ပြီးပြီမို့ ကိုယ့်ကလေးလေးက ဘာမှထပ်မတွေးနဲ့တော့နော်။ကိုယ်အားလုံးအဆင်ပြေအောင်စီစဥ်ပေးမယ်လေ နော်..."
ဂျောင်ဂုက ထယ်ယောင်းရဲ့ပါးလေးတွေကိုပွတ်သပ်ရင်း ချော့မြှူသလိုပြောတော့ထယ်ယောင်း ပိုလို့ပင်ဝမ်းနည်းလာသည်။
သူဒီလို အထိအတွေ့လေးတွေ၊ယုယမှုလေးတွေနဲ့ ကင်းကွာနေတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။"ဟို...မင်းကငါ့ဆီကိုအပြီးလိုက်လာတာလား။"
ထယ်ယောင်းရဲ့စကားကို ဂျောင်ဂုဘာမှပြန်မပြောမိ။
တစ်ကယ်ဆို သူမနဲ့အခုထိကွာမရှင်းရသေးဘူးလေ။ပြီးတော့ သူ entertainment နဲ့စာချုပ်ချုပ်ထားတာကလည်း နောက်2နှစ်လောက်ကျန်သေးတယ်မဟုတ်လား။ထယ်ယောင်းကိုကြည့်လိုက်တော့လည်း မျှော်လင့်ချက်လေးတွေလဲ့နေသောမျက်လုံးဝိုင်းကလေးတွေဖြင့် ကြည့်နေတာကြောင့်