ကားနောက်ခန်းတွင် ဂျောင်ဂုနဲ့အဲ့မမက ထိုင်နေပြီး သူကတော့ ဒရိုင်ဘာဦးလေးကြီးနဲ့အတူအရှေ့ခန်းတွင်သာ။ဂျောင်ဂုရဲ့လက်မောင်းကိုဖက်တွယ်ထားပြီး သူတို့နှစ်ယောက်ရဲ့ဆင်တူလက်စွပ်ကိုသဘောတကျကြည့်နေသော ထိုမမအားထယ်ယောင်းမနာလိုပါ။ကားနောက်ကြည့်မှန်ထဲကနေ ထယ်ယောင်းကြည့်နေသည်ကိုသိသည့်ဂျောင်ဂုက မျက်လုံးတစ်ဖက်မှိတ်ပြလာသည်။
အမြင်ကတ်စရာကောင်းလိုက်တာ။အိမ်ကိုရောက်တော့ ထယ်ယောင်းကားတံခါးကိုဖွင့်လိုက်သည်နှင့် ကြီးကျယ်ခမ်းနားသောအိမ်ကြီးကကြိုဆိုလို့နေသည်။မျက်လုံးလေးတွေဝိုင်းစက်ကာ ငေးနေသောထယ်ယောင်းအားသဘောကျနေတာက သူမ။
"ထယ်ယောင်းလေးကချစ်စရာလေးနော်။"
အဲ့ဒီ့ချစ်စရာကောင်းတာလေးက ဒီကဂျွန်ဂျောင်ဂုရဲ့သည်းသည်းလှုပ်လေးဆိုတာ သူမကတော့,မသိပေ။
"ထယ်ယောင်းလေးရေ အိမ်ထဲဝင်ကြရအောင်လေ။"
ဂျောင်ဂုကပြောလာတာကြောင့် သူတို့နှစ်ယောက်ဘက်ကိုထယ်ယောင်းလှည့်ကြည့်မိတော့ သူတို့နှစ်ဦးက လက်ချင်းတွဲထားကြလျှက်။ထယ်ယောင်းမျက်နှာလေးညှိုးသွားတာကို ဂျောင်ဂုသိပေမယ့်လည်း သူမ,ရှိနေတာကြောင့် အနေအထိုင်ဆင်ခြင်နေရသည်။
"ဟုတ်"
ကျောပိုးအိတ်လေးကိုခုံပေါ်တင်ပြီး အိမ်ထဲကိုစပ်စုနေတဲ့ ထယ်ယောင်းကို မင်ဟေဂျင်းသဘောကျနေသည်။
"ထယ်ယောင်းလေးရဲ့အခန်းကို မမက အပေါ်ထပ်မှာပြင်ပေးထားတယ်။အိမ်မှာလွတ်လွတ်လပ်လပ်နေနော်။စိတ်ထဲ ဘာမှတွေးမနေနဲ့။ကိုယ့်အိမ်လို့သဘောထားပြီး လိုအပ်တာမှန်သမျှကို ပွင့်ပွင့်လင်းလင်းပြော။ပြီးတော့ ကျောင်းတက်ဖို့ကိုလည်း မနက်ပိုင်းကျရင် အိမ်ကဒရိုင်ဘာဦးလေးကြီးက လိုက်ပို့ပေးလိမ့်မယ်။အခန်းထဲမှာလည်း မမကလိုအပ်တာတွေဖြည့်ပေးထားသေးတယ်။"
နူးညံ့သိမ်မွေ့သောသူမရဲ့အသွင်အပြင်က တစ်ဖက်လူကိုအေးချမ်းစေသည့်သဘောမျိုး။အသံတိုးတိုးလေးကလည်း သူမရဲ့လိမ္မာလယဉ်ကျေးမှုကို အထောက်အကူပေးနေသလို။
အဲ့မမကို ကြည့်လို့မရပေမယ့် အဲ့မမကအရမ်းကျက်သရေရှိပြီးလှရက်လွန်းနေသည်ကိုတော့ ထယ်ယောင်းမငြင်းတော့။အေးပေါ့လေ နိုင်ငံကိုယ်စားပြု အလှမယ်ဆိုတော့လည်း အဲ့လောက်တော့ရှိမှာပေါ့။