ဂျောင်ဂုတို့အိမ်ပြန်ရောက်တော့ အတော်ပင်မိုးချုပ်နေပြီဖြစ်သည်။ညစာပါအပြင်မှာစားခဲ့ရတာဆိုတော့ သူမသဘောအတိုင်းနည်းနည်းနောက်ကျမှပြန်လာခဲ့ခြင်းဖြစ်သည်။
"သမီးလေးတို့တောင်ပြန်လာကြပြီပဲ အဒေါ်ကြီးညစာပြင်ပေးရမလား။"
အိမ်ပေါက်ဝရောက်တာနဲ့ လှမ်းနှုတ်ဆက်တဲ့အဒေါ်ကြီးကြောင့်သူမကတော့ပြုံးပြနေသည်။ဂျောင်ဂုကတော့ ဒရိုင်ဘာဦးလေးကြီးရော ထိုအဒေါ်ကြီးကိုပါသတိထားနေရသည်။
"ရတယ် အဒေါ်ကြီးရဲ့ ဟေဂျင်းတို့အပြင်မှာစားခဲ့ပြီးပြီ။အဒေါ်ကြီးလည်း နားချင်နားတော့လေ။လာ ဂျောင်ဂု မ,မင်းကိုပြောစရာတွေရှိသေးတယ်။"
ဂျောင်ဂုအပြင်ပိုင်းကပါပြုံးပြလိုက်ရပေမယ့် စိတ်ထဲမှာတော့ တစ်ခုခုကိုဘဝင်မကျသလို။သူမကပြောစရာရှိတယ်ဆိုရင် သူတော်တော်နဲ့အသည်းအသက်လေးအခန်းထဲကိုသွားလို့မရတော့တာတော့ ကျိန်းသေပင်။
အပေါ်ဝတ် suit coat ကိုဖြစ်သလိုဆွဲချွတ်ကာ သူမနဲ့အတူနေတဲ့အခန်းထဲကိုသာလိုက်ခဲ့လိုက်သည်။အသည်းအသက်လေးရဲ့အခန်းကို ခြံထဲဝင်လာတုန်းကကြည့်လိုက်တော့ မီးလင်းနေသေးမှန်း ပြတင်းပေါက်လေးဖွင့်ထားတာကြောင့်သူမြင်လိုက်ရသည်။
မျက်စိရှေ့မှာ ချစ်ရသူကိုရှိနေပါလျှက်နဲ့ တစ်ခြားတစ်ယောက်ကိုအတုအယောင်အချစ်တွေပေးနေရတာ အဆင်မပြေလိုက်တာ။
>>><<<
ထယ်ယောင်းလည်း နေ့လည်3 နာရီလောက်ကကျောင်းဆင်းတော့ အချိန်ပိုင်းအလုပ်လေးကိုသာထွက်ခဲ့လိုက်သည်။အလုပ်က 4 နာရီမှစမှာဆိုပေမယ့် သူဋ္ဌေးအမြင်ကြည်အောင်တော့ပထမဆုံးနေ့လေးမှာ သူကြိုးစားပြရမှာပေါ့။
"ဟို...မင်္ဂလာပါ အစ်မ။ကျွန်တော်က လွန်ခဲ့တဲ့နေ့ကအလုပ်ခန့်ထားတဲ့ ဝန်ထမ်းအသစ်ပါ။"
"အာ...ဟုတ်ပြီ ဟုတ်ပြီ ကျောင်းသားလေးမဟုတ်လား။လာ အစ်မအနောက်ကိုလိုက်ခဲ့။ဒီကကျောင်းသားလေးလုပ်ရမယ့် အလုပ်ကိုသူဋ္ဌေးကအစ်မကိုနေရာပြောပြီးသား...လာ"
ထယ်ယောင်းလည်း ထိုအစ်မခေါ်ဆောင်ရာနောက်ကိုလိုက်ခဲ့တော့ ကျောပိုးအိတ်နဲ့phoneထားဖို့နေရာပြသည်။ပြီးတော့ သူဝတ်ရမယ့် uniform လေးကိုထုတ်ပေးလာသည်။