chapter-11

2.6K 181 0
                                    

"ဟုတ်ပါပြီ ဂျောင်ဂုတို့နှစ်ယောက်ပဲကျန်တော့တယ်။တစ်ခုခုလိုတာရှိရင် အဒေါ်ကြီးကိုခေါ်လိုက်လေ။မ,လည်းနားတော့မှာဆိုတော့ ညီအစ်ကိုနှစ်ယောက်အေးအေးဆေးဆေးစားကြပေါ့။"

"မ,မနက်ဖြန် shooting ရှိတယ်မလား။"

ဂျောင်ဂုမှာ သူမshootingရှိပါစေဟုသာဆုတောင်းနေရသည်။ဒါမှမနက်ဖြန် သူနဲ့ထယ်ယောင်းသွားရတာအဆင်ပြေမှာ။

"အင်း ညနေပိုင်းလောက်မှ agency တစ်ခုကိုခဏသွားမလို့လေ။ဘာဖြစ်လို့လဲ ဂျောင်ဂုရဲ့"

"အာ...ဘာမှမဖြစ်ပါဘူး မ,ရဲ့။ဒီအတိုင်းမေးလိုက်တာပါ။"

"ကဲ ထမင်းစားကြတော့ နောက်ကျနေပြီ။နောက်တစ်ခါဆိုရင်တော့ မ,စိတ်ဆိုးမှာနော် ဂျောင်ဂု။ကျန်းမာရေးကရှိသေးတာမို့ အချိန်မှန်စားရမယ်လေ။"

သူမကစိတ်ပူသလိုပြောလာသောကြောင့် အားနာသလိုရှိမိသား။ထယ်ယောင်းလေးကလည်း ဘယ်အချိန်ကတည်းကအနားကနေထွက်သွားလည်းမသိ။
သို့ပေမယ့် သူမစကားကို အလိုက်အထိုက်လေးပြန်ပြောဖို့တော့သူတွေးလိုက်သည်။

ဂျောင်ဂု လက်ဆစ်ကလေးတွေကို တဖျောက်ဖျောက်ချိုးရင်း သူမအနားသွားထိုင်ကာ သူမရဲ့လက်တွေကိုအရင်ဆုပ်ကိုင်လိုက်သည်။သူ့လုပ်ရပ်က အင်မတန်ကိုမှ မတရားသလိုဖြစ်နေပြီလား။အတူနေထားလို့ အားနည်းနေတဲ့ကလေးကိုမချော့နိုင်ဘဲ သူမအမြင်ကြည်အောင် နေပြရသည်။

"ကျွန်တော်တောင်းပန်ပါတယ် မ,ရယ်။ကျွန်တော်ဒီနေ့နည်းနည်းပင်ပန်းသွားလို့ပါ။နောက်နေ့တွေကျရင် မ,နဲ့အတူတူထမင်းလက်စုံစားမယ်လေ။မနက်ကရော အခုရော ကျွန်တော်တောင်းပန်တာမို့ စိတ်မဆိုးပါနဲ့နော်~"

အသံကိုအတတ်နိုင်ဆုံး နူးညံ့စွာပြောရပြီး သူမရဲ့ပုခုံးတွေကို ဆုပ်ကိုင်လိုက်သည်။သူမက တစ်ခြားပုရိသတွေအတွက် မက်မောချင်စရာ အေးချမ်းလွန်းတဲ့ပုံစံလေးပေမယ့် သူ့စိတ်ထဲမှာတော့ ဘာခံစားချက်မှကိန်းအောင်းမနေ။

"မ,စိတ်မဆိုးပါဘူး။အမှန်တော့ မ,ကထမင်းလက်စုံစားကြရင်း စကားတွေပြောကြမယ်လို့တွေးထားတာ။ဂျောင်ဂုက မလာတော့ မ,စိတ်မကောင်းဖြစ်ရုံလေးပါ။"

Without You [completed]Donde viven las historias. Descúbrelo ahora