chapter-26

2.9K 186 12
                                    

"ဘယ်အချိန်ထိ ဒီအဖေကိုဖုံးကွယ်ထားမယ်လို့ မင်းတို့စဥ်းစားထားလဲ ကင်မ်ထယ်ယောင်း။"

ထယ်ယောင်း ဘာမှမပြောမိ။သူထင်ထားနဲ့ကွဲလွဲစွာ ပါးကသူ့ကိုဘာမှမလုပ်။ဒေါသတွေကိုလျှော့ပြီး ခပ်အေးအေးသာမေးနေသည်။

"မင်းဗိုက်ထဲမှာသာ အဲ့ကလေးမရှိကြည့် မင်းငါ့လက်ချက်ကြောင့်မထနိုင်ဖြစ်နေလောက်ပြီ သိလား!"

"မား~"

"ရှင်ကလဲ ကလေးမအော်ပဲပြောလို့မရဘူးလား။ကလေးက ကိုယ်ဝန်ကြီးနဲ့ပါဆို တစ်ကတည်း..."

ထယ်ယောင်းအမေကိုပါဖုန်းဆက်ခေါ်လိုက်တာမို့မှီရာကားနဲ့သာ အမြန်လိုက်လာခဲ့ရသည်။ဒီရောက်တော့ ထယ်ယောင်းအမေကပါ အကြံတူအလိုပါဖြစ်နေတာကြောင့် ထယ်ယောင်းရဲ့အဖေ ဘာမှကြီးကြီးမားမားမပြောတော့ဘဲ ထိုင်နေသည်။

"အေး...ငါကပဲမှားတယ် ရပြီလား။ကင်မ်ထယ်ယောင်း မင်းအကောင်ကဘယ်တော့ပြန်လာမှာလဲ။ကိုယ့်သွေးသားကိုလွယ်ထားတဲ့သူကိုထားခဲ့ပြီး အပြင်သွားနေတာတော့မဟုတ်သေးဘူး။ပြီးတော့ အိမ်မှာကျန်ခဲ့တဲ့သူကတစ်ယောက်တည်းကို ပေါ့ပျက်ပျက်နေကြတာ။"

သူ့ကိုယ်ဝန်က ဂျောင်ဂုနဲ့ရတယ်ဆိုတာကို မားကပြောပြလိုက်တာကြောင့် ထင်ထားတာထက်ပို၍မဆိုးသောအခြေအနေ။

"သူ...သူပြန်လာတော့မှာပါ"

"ကြည့်ထား အဲ့ကောင်လာရင် မှတ်လောက်သားလောက်ဖြစ်အောင်ငါလုပ်ပြမယ်"

"ပါး! မားပြောပေးဦး"

ထယ်ယောင်းအမေ ဘာမှဝင်မပြောဘဲ ထယ်ယောင်းရဲ့လက်ကလေးတွေကိုသာကိုင်ပေးထားသည်။ထယ်ယောင်းရဲ့အဖေက ဒေါသကြီးပေမယ့် သူတို့မြေးလေးကိုကိုယ်ဝန်လွယ်ထားရသော သားဖြစ်သူ​ကြောင့် ပြောင်းလဲသွားတာပဲမဟုတ်လား။

>>><<<

ဂျောင်ဂုဆိုးလ်ကိုရောက်တော့ sim card ထုတ်ထားတဲ့ဖုန်းလေးကို card ပြန်ထည့်လိုက်တော့ missed call တွေက 99+ ဖြစ်နေပြီး message တွေလည်းမနည်းမနောပင်။ရုပ်ဖျက်ထားတာကြောင့် ဂျောင်ဂုမှန်းမသိနိုင်ပါ။
ထိုနောက် မန်နေဂျာဟျောင်းရဲ့ ph no. လေးကိုခေါ်လိုက်တော့ Ring သံတောင်မဆုံးပါ ချက်ချင်းကိုင်သည်။

Without You [completed]Where stories live. Discover now