"ထယ်ယောင်း!! ဘယ်ကိုပြေးတာလဲ"
အနောက်ကလိုက်ပြီး ခေါ်တော့လည်းသူ့ကိုလှည့်မကြည့်။ခပ်မြန်မြန်ပြေးလိုက်ပြီး လက်ကိုဆွဲလိုက်တော့ အတင်းရုန်းလို့လာသည့်ထယ်ယောင်း။
"ကျစ်! ဘာလို့ရုန်းနေတာလဲ"
ထယ်ယောင်းလက်ကောက်ဝတ်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တော့ နာလို့ထင်သည်။သူ့လက်တွေကိုအတင်းဆွဲဖြုတ်လို့လာသည်။
"လွှတ်စမ်း ဂျောင်ဂု! သူများတွေမြင်သွားရင်မကောင်းဘူး။ဟာ လွှတ်...လွှတ်လို့!!"
အတင်းရုန်းခါနေတဲ့ လက်ကိုဆောင့်ဆွဲပြီး ကားနောက်ကျောမှာ ထယ်ယောင်းရဲ့ကျောကိုကပ်ကာ ချုပ်ထားလိုက်သည်။
"ပြောစမ်း မင်းဘာဖြစ်နေတာလဲ ဟမ်!!"
"ဂျောင်ဂု မင်းစကားကိုတိုးတိုးပြောလို့မရဘူးလား..."
"ဂရုမစိုက်ဘူး! ပြောစမ်း အဲ့ဒါဘာအချိုးလဲ..."
ဂျောင်ဂုအသံအသံကလိုအပ်တာထက် ပိုကျယ်နေတာကြောင့် ထယ်ယောင်းမျက်လုံးတွေရွေ့လျားပြီးပတ်ဝန်းကျင်ကိုအကဲခတ်တော့...
"ဒီက မင်းယောကျာ်းကိုကြည့်!!"
သူ့မျက်နှာကို ဂျောင်ဂုက မေးဖျားကနေဆွဲလှည့်ပြီး အကြည့်ဆုံစေတော့...
"ဂျွန်ဂျောင်ဂု!!!"
ထယ်ယောင်းစိတ်တိုစွာအော်လိုက်တော့သည်။အခုချိန်ထယ်ယောင်းဝမ်းနည်းတာပဲသိသည်။သူတို့နှစ်ယောက်ကအခုအိမ်အပြင်မှာလေ တစ်ယောက်ယောက်များမြင်သွားရင်ဆိုတဲ့အသိက တုန်လှုပ်စေပြန်သည်။
"ဘာလို့ ကိုယ်ခေါ်နေတာကို ပြေးသွားတာလဲ။ကိုယ်က ထယ်ယောင်းလေးကို ကျောင်းလိုက်ပို့မလို့ အစောကြီးထလာတာကို..."
"အရင် ဖယ်ပေးပါလား ဂျောင်ဂုရာ တစ်ယောက်ယောက်!..."
စကားတွေပင်ဆုံးအောင်မပြောလိုက်ရ ဂျောင်ဂုက သူ့နှုတ်ခမ်းတွေကိုနမ်းလို့လာသည်။လက်တွေကို လွှတ်ပေးပြီး သူ့ခါးတွေကိုဖက်တွယ်လာ၏။
တွန်းပေမယ့် ဂျောင်ဂုက အတင်းချုပ်ထားတာကြောင့် ထယ်ယောင်းအခွင့်မသာခဲ့။သူ့နှုတ်ခမ်းတွေကို စိတ်ကြိုက်မင်းမူနေတဲ့ ဂျောင်ဂုကြောင့် ထယ်ယောင်းမျက်ရည်တွေကျမိသည်။