"အင်းး"
ထယ်ယောင်း ညကနှစ်ခြိုက်စွာအိပ်ပျော်သွားသောကြောင့် မနက်မိုးလင်းတော့ အိပ်ရေးဝနေသလိုခံစားနေရသည်။စောင်အောက်ကခန္ဓာကိုယ်နှစ်ခုကလည်းပူးကပ်နေလျှက်။တင်းကြပ်စွာဖက်ခံထားသော သူခါးတွေကိုကြည့်ကာ ထိုလက်တွေကိုထယ်ယောင်းပြန်ပြီးအုပ်ကိုင်ကာ ပိုပြီးနီးကပ်သည်အထိတိုးလိုက်သည်။
"နိုးနေပြီလား~"
ထိုအခါမှ ပိုပြီးတင်းကြပ်သည်အထိ သူ့ခါးတွေဆွဲယူခံလိုက်ရသည်။ဂုတ်နားကလေသံတိုးတိုးနဲ့ကပ်မေးသော ဂျောင်ဂုကြောင့် ထယ်ယောင်းမျက်လုံးကိုဖျတ်ခနဲမှိတ်ချလိုက်သည်။ထို့နောက် ဂျောင်ဂုရဲ့ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။
"ချစ်စရာလေးကွာ။အဟမ်း ညတုန်းကလိုပြန်လုပ်ရအောင်လေ hmm..."
"ဘယ်လိုဖြစ်နေတာလဲ!"
"ဟင်း~ ကိုယ်တို့ဒီလိုလေးမနိုးရတာ ဘယ်လောက်တောင်ကြာပြီလဲ။"
ထယ်ယောင်း ဂျောင်ဂုဘက်ကိုမျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီး
"ငါမတရားသလိုဖြစ်နေပြီလား ကိုကို~"
"မဟုတ်တာ ကိုယ့်ကလေးက အစောကြီးကတည်းက ကိုယ့်သက်ဆိုင်သူလေ။သူမကို ကိုယ်က တစ်ချို့ကိစ္စလေးတွေကြောင့်သာလက်ထပ်ခဲ့တာ။အခု ကိုယ်ကအားလုံးကိုဖြေရှင်းပေးမှာမို့ ကလေးက ဗိုက်ထဲက ကိုယ်တို့ပေါက်စလေးကိုသာအများကြီးဂရုစိုက်။"
သူတစ်ယောက်တည်းကိုဂရုစိုက်ခိုင်းနေသောဂျောင်ဂုကြောင့် ထယ်ယောင်း ဂျောင်ဂုရဲ့အဝတ်မဲ့နေတဲ့ ရင်အုပ်ကြီးကိုခပ်သာသာလေးထုလိုက်သည်။
"ငါတစ်ယောက်တည်းဂရုစိုက်ရမှာလား~ အဲ့လိုလား!"
"ဟားဟား မဟုတ်ပါဘူးကွာ။ကိုယ်ရဲ့မပြီးပြတ်သေးတဲ့ကိစ္စတစ်ချို့ကိုအဆုံးသတ်ရဦးမယ်လေ။ကိုယ်လေ အောင်မြင်တဲ့လူတစ်ယောက်မဖြစ်ချင်တော့ဘူး သိလား။ဒီအတိုင်း ကိုယ်ချစ်တဲ့သူနဲ့နှစ်ယောက်အတူတူ အေးချမ်းတဲ့ဘဝလေးကိုပဲလိုချင်တော့တယ်။"
ဂျောင်ဂုက ဖွာလန်ကျဲနေတဲ့ သူ့ဆံပင်လေးတွေကိုနားနောက်ညှပ်ပေးပြီး အသံခပ်တိုးတိုးလေးပြောတော့ ထယ်ယောင်းစိတ်မကောင်းမိ။