chapter-9

2.6K 192 7
                                    

Camera man နဲ့စကားပြောနေတုန်း တွေ့လိုက်ရတာကသူမ။သူ့shootingကိုဘယ်လိုသိတာလဲ။မဟုတ်မှ မန်နေဂျာဟျောင်းပြောလိုက်တာနေမယ်။

"မ! shooting ပြီးသွားပြီလား။ကျွန်တော်ဒီမှာ ရှိတာကိုဘယ်လိုသိတာတုန်း။"

"ရော့ မ,ဂျောင်ဂုအတွက် green tea ဝယ်လာတယ်။"

လက်ထဲကအအေးဗူးလေးကို သူ့ကိုပေးပြီး camera man ကိုပါတစ်ဗူးကမ်းပေးလိုက်သည်။

"ဂျောင်ဂုရဲ့ မန်နေဂျာကိုမေးလိုက်တာလေ။အာ...အလုပ်ကိစ္စပြောနေကြတာမလား ဆက်ပြောကြလေ ဟေဂျင်းကိုစိတ်ထဲထားမနေနဲ့။ဒီအတိုင်း ပျင်းလို့ဝင်လာလိုက်တာ။"

"ပျင်းလို့မဟုတ်ဘဲ အမျိုးသားကိုစိတ်မချလို့လိုက်လာတာမဟုတ်ဘူးလား ဟေဂျင်းရဲ့..."

Camera man ဟျောင်းရဲ့စနောက်မှုကြောင့် သူမအနေရခက်လာသည်နှင့်တူသည်။လက်တွေကိုပွတ်သပ်နေပြန်သည်။

"မဟုတ်ပါဘူး မ,ရဲ့shooting ကပြီးသွားပါပြီ။အခုကဒီအတိုင်းစကားထိုင်ပြောနေကြတာ မ,ပြန်ချင်တယ်ဆိုပြန်ကြမယ်လေ။ဟျောင်း အဲ့ဒါဆိုမနက်ဖြန် ကျွန်တော်မလာတော့ဘူး။"

မနက်ဖြန် သူ့နေ့မဟုတ်တာကြောင့် shooting မရှိပါ။နားရက်ရတာပေါ့။ပြီးတော့ ဟိုကောက်စိန်လေးအနားလည်းပိုကပ်လို့ရတာပေါ့။နောက်အပတ်ထယ်ယောင်းကျောင်းပိတ်တဲ့အထိမစောင့်ဘဲ ခွင့်တစ်ရက်ယူခိုင်းပြီး တရားရုံးသွားဖို့ပြင်ဆင်ရမည်။
အသိသက်သေတွေကို နမ်ဂျွန်းဟျောင်းနဲ့ဂျင်ဟျောင်းကိုခေါ်ထားသည်။သူ့အစီအစဉ်တစ်စိတ်တစ်ပိုင်းကို ဟျောင်းတို့ကိုပြောပြထားသည်။
ထယ်ယောင်းနဲ့သူ, သူတို့နှစ်ယောက်ရဲ့သမီးရည်းစားလိုအခြေအနေကိုပြောပြတုန်းက ဟျောင်းတို့ကအံ့သြနေပေမယ့် ဘာမှမပြောကြ။သူဘက်မှာလူနည်းစုရှိတာကြောင့် ထပ်ပြီးရှေ့ဆက်တိုးနေခြင်းသာ။တစ်ဖက်သားကို သူအားနာပေမယ့်လည်း သူနောက်ပြန်လှည့်မည်မဟုတ်။

"ဟျောင်း ကျွန်တော်တို့ပြန်ပြီနော်!။မ,လာလေ ကားပါတယ်မလား။"

"မ,ပြန်လွှတ်လိုက်ပြီ ဂျောင်ဂုကားနဲ့အတူတူပြန်မယ်လေ။ပြီးတော့ ဆိုင်တစ်ဆိုင်ဝင်ရအောင် မ,ဂျောင်ဂုကိုပြောစရာရှိသေးတယ်။"

Without You [completed]Where stories live. Discover now