🕊️ဇာတ်သိမ်းခန်းလေး🕊️
ညရောက်တော့ ဇင်းနစ်ပို့ပေးလာသော ထိုကောင်လေးရဲ့အကြောင်းတွေကို သူစိတ်ဝင်တစားလေ့လာနေမိသည်...။
မျက်မှန်ဝိုင်းလေးနှင့်ကလေးတစ်ယောက်လို့ ဖြူစင်နဲ့ မျက်နှာလေးက အေးချမ်းလွန်းတယ်...မာယာများတယ်အန္တာရယ်များတယ်တဲ့လား ယုံနိုင်စရာပင်မရှိ...။
စာဖတ်တာအရမ်းဝါသနာပါတာမို့ မျက်မှန်လေးနဲ့ထိုကောင်လေးကို သူငယ်ချင်းများက လေးလုံးဟုစနောက်ခေါ်ဝေါ်သည်တဲ့လား...ရှောင်ကျန့်သဘောတကျပြုံးမိပါ၏....ဘာအတွက်လဲဆိုတာတော့ ကိုယ့်စိတ်ကိုယ်ပင်နားမလည်....။
ညည့်နက်သည်အထိ ထိုကောင်လေးရဲ့အကြောင်းတွေကို မှတ်ထားကာ မနက်ဖြန်ပင်သူ့လုပ်ငန်းကိုစချင်နေပြီဖြစ်သည်...ဘာရယ်ကြောင့်လောနေမှန်းမသိတော့...။
မနက်ဖြန်မှတွေ့မယ် ကောင်လေးရေ..။
............................................
" မင်းတကယ် လက်ခံလိုက်ပြီလား "
" အွန်း "
ဇင်းနစ်နဲ့သူရဲ့အပေးအယူအားရှင်းချန်တို့ကိုပြောမိတော့ သူတို့ကသိပ်တော့သဘောမကျ...ထပ်ကာထပ်ကာမေးလည်း ကျွန်တော်ကခေါင်းဘဲငြိမ့်ပြနေတာမို့ သူ့ကိုမကြည်ကြည့် လာကြည့်သည်...။
" ငါတော့ အဓိပ္ပာယ်မရှိဘူးထင်တယ်နော် ပြီးတော့ ဟိုကောင်လေးနဲ့မင်းမှာပြသာနာမှမရှိပဲ သူများတစ်ဖက်သားကို အဲ့လိုလုပ်တာတော့ မကောင်းဘူးလို့မြင်တယ်... "
" ငါဂရုမစိုက်ဘူး ဒီကိစ္စမှာငါစိတ်ငါ့ကိုယ်နဲ့လုပ်တာ ဇင်းနစ်ကြောင့်ရယ်လဲမဟုတ်ဘူး "
သူ့အပြောကို ရှင်းချန်ကခေါင်းယမ်း၍ငြင်းပယ်သည့်သဘောကိုဆောင်တယ်...။
" ရူးနေပြီလားရှောင်ကျန့် မင်းလိုက်မယ်ပြောနေတာ ယောင်္ကျားလေးနော် မင်းအတွက်လဲခက်ခဲမယ် တဖက်သားအတွက်လည်းနစ်နာတယ် "
" ရူးနေလား ယောင်္ကျားလေးကနစ်နာစရာလား "
" မှန်တယ် ယောင်္ကျားလေးဖြစ်နေတာကြောင့် မင်းအထင်မှာရောအများအတွေးမှာပါ နစ်နာစရာမရှိဘူး ဒါပေမဲ့ သူမင်းအပေါ်ကိုအမှန်တကယ်ခံစားချက်တွေရှိလာခဲ့ရင်ရော သဘာဝကိုလွန်ဆန်ပြီး မင်းကိုချစ်လာခဲ့မယ်ဆိုရင်ရော လူပဲကွာ နှလုံးသားနဲ့ ဘယ်လောက်ခံစားရမလဲ မင်းတွေးဖူးလား မင်းကအရမ်းအတ္တကြီးတာပဲ မင်းအပျင်းပြေဖို့အတွက် လူတစ်ယောက်ရဲ့နှလုံးသားကိုကစားမယ်တဲ့လား မင်းတွေးနေတာတွေကရော တရားမျှတရဲ့လား "

أنت تقرأ
ဇာတ်သိမ်းခန်းလေး..
أدب الهواةပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..