Ep>>8..Uni

848 55 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ဇင်းနစ်!!မလုပ်စမ်းပါနဲ့ဟာ
ငါစိတ်တိုလာပြီနော် "

အတူတူလမ်းလျှောက်နေရင်း
သူမဆံပင်တွေကိုလာဖွသော
ဇင်းနစ်​ကိုအော်နေခြင်းဖြစ်သည်....။

ကိုယ်အော်တာကို
မကြားသည့်အလား
ဆံပင်တွေသို့ကိုင်ထားသော
လက်တွေကရပ်တန့်မသွား...။

" မလုပ်စမ်းနဲ့လို့ ဇင်းနစ်!!! "

အော်လိုက်ပေမဲ့ 
ရယ်မောနေတဲ့ဇင်းနစ်...။

" ကျစ်  ငါစိတ်မရှည်ဘူးနော်
ငါလုပ်မှ နင်ငါ့ကိုလာမအော်နဲ့ "

ခေါင်းပေါ်ရောက်နေတဲ့လက်တွေကိုပုတ်ထုတ်လိုက်ပြီး  လှည့်ပြေးဖို့လုပ်နေတဲ့ ဇင်းနစ်ကို ဖမ်းဆွဲကာ  ကျောပြင်သို့ နှစ်ချက်လောက် ထုထည့်လိုက်တော့  ဒင်းကအသံပြဲကြီးနဲ့ထအော်လာတယ်...။

" အားယိုးးး နာတယ်ဟ  နင်အရမ်းအားသန်တာပဲနော် အပုလေး "

" ဘာ!!!ဘာပြောတယ်  အပုလေးဟုတ်လား  ငါကမပုဘူးဟဲ့  ရှည်နေတာနင် အရပ်ကိုက ထန်းပင်နဲ့မှားရတယ် လောရှည်မ "

သူမဘက်ကသာဒေါသတကြီး
အော်ဟစ်ပြောဆိုနေရတယ်
ဇင်းနစ်တို့များ ခွက်ထိုးခွက်လန်
အော်လို့တောင်ရယ်နေသေး...။

" နင်ဖယ် ငါ့ရှေ့က  ဟင်!! "

" ဘာဖြစ်...ဖြစ် "

ပြောနေရင်း
သူကျောပေးထားသည့်
ဘက်ကိုကြည့်ကာ
ပြောသမျှစကားတွေတောင်
ရပ်သွားသည်မို့ သူပါမေးရင်း
လှည့်ကြည့်လိုက်မိသည်...။

" ဝမ်  ဝမ်လေး "

ဟုတ်ပါရဲ့...
ငိုယိုပြီး ပြေးလာတဲ့ကောင်လေးက
ဝမ်လေးဖြစ်နေလေရဲ့
ဘာတွေများဖြစ်ခဲ့လို့ အခုလောက်ငိုနေရတာပါလိမ့်..။

သူသွားမေးမယ်အလုပ် 
သူ့ထက်လျင်လှသည့် ရှောင်းမေက
အရင်ရောက်သွားပြီဖြစ်သည်....။

" ဝမ်ငယ်..ဘာဖြစ်လာတာလဲ "

" ဟင်  ရှောင်းမေကျဲ  အင့် "

ရှိုက်သံလေးတွေနဲ့ 
မပီမသ ကိုယ်ရဲ့နာမည်လေးကို တအံ့တသြခေါ်လာတဲ့ ကလေးငယ်...။

ဇာတ်သိမ်းခန်းလေး..Hikayelerin yaşadığı yer. Şimdi keşfedin