🕊️ဇာတ်သိမ်းခန်းလေး🕊️
(....အတိတ်သို့....)
" ဇင်း ခန ခနနေပါအုံး "
နောက်ကအတင်းလိုက်ကာ အမောတကော ခေါ်သံကြောင့် ဇင်းနစ် စိတ်ရှုတ်သွားရသည်.....။
" ကျစ်.. ဘာလဲ "
" ဇင်း..အခုအချိန်ရလားဟင် "
ဇင်းနစ်တစ်ယောက် စိတ်ပျက်ဟန်အမှုအရာပြကာ ခေါင်းကိုတစ်ချက်ဆွဲဖွာလိုက်ပြီး.....
" မအားဘူး "
" ရပါတယ် နောက်တစ်ခေါက်ပေါ့ ငါပြောစရာရှိလို့ "
ဇွဲမလျော့တဲ့ ရှောင်ကျန့်ဆိုသောထိုလူကို သူတကယ် စိတ်ပျက်မိပါတယ်...။
" ငါ့မှာတော့ ပြောစရာမရှိဘူး ဆိုတော့သွားလိုက်ပါအုံးမယ် "
" အွန်း ငါ့မှာတော့ပြောစရာရှိတယ် ဒါပေမဲ့ အခုတော့ ဂရုစိုက်ပြန်နော် ဘိုင့် "
လက်ချောင်းလေးများကို လှုတ်ရှားကာ ပေါ့ပေါ့ပါးပါးနှုတ်ဆက်လာတဲ့...ရှောင်ကျန့် က တော်တော်အကျောတင်းတာဘဲ.....။
" ဟူးးးအာရုံပဲ "
ရှောင်ကျန့်က်ု မကြည်စွာ တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်လာခဲ့တော့သည်...။
" ဝေ့ ချေလိုက်တာကွာ အမှုန်တောင်ဖြစ်တော့မယ် ဟားးးးဟားးး "
သူငယ်ချင်းဖြစ်သူရှောင်ကျန့်အားလှောင်နေသော ရှင်းချန်တို့အုပ်စု ။
" တော်စမ်းပါကွာ ငါက ရှောင်းရှောင်ကျန့်ပါ "
" အပြောမကြီးနဲ့အုံး ဒီတစ်ယောက်ကိုမင်းလိုက်နေတာ 2နှစ်ပြည့်တော့မှာ ဟာ ဟ "
" ငါကလဲ အဲ့လိုခက်တာလေးတွေကိုမှ သဘောကျတာ "
ရှောင်ကျန့် ဇင်းနစ်ကိုလိုက်နေတာ ဒုတိယနှစ် နှစ်ဝက်ကထဲက ခုဆိုနောက်ဆုံးနှစ်ပင်စနေပြီ သို့သော် သူဇင်းနစ်ကိုရင်းနှီးအောင်ပင်မလုပ်နိုင်သေး...။
" ရှောင်ကျန့် "
" ဝေ့ "
" မင်း ဇင်းနစ်ကိုတကယ်ချစ်လို့အခုလိုတွေ စိတ်ရှည်နေတာလား "

BẠN ĐANG ĐỌC
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..