🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဘယ်မှာလဲ ဝမ်လေးရာ
ကျဲကိုစိတ်ပူအောင်မလုပ်ပါနဲ့လား "ဝမ်လေး သွားတက်လာတက်တဲ့
နေရာမှန်သမျှ တစ်နေရာမကျန်
အကုန်လိုက်ရှာတာတောင်
အခုထိ ဝမ်လေးရဲ့အရိပ်အယောင်ပင်
မတွေ့ရ....။ဝမ်လေးရဲ့တစ်ဉီးထဲသော
သူငယ်ချင်းဖြစ်သူစစ်ကျွေးဆိုသော
ကောင်လေးစီလဲ ရောက်ခဲ့ပြီဖြစ်သည်..။" ဟင်! ရှောင်ကျန့်
ဟုတ်တယ် ရှောင်ကျန့်
သိလောက်မှာ "ပါးစပ်မှလဲပြော ခြေလှမ်းများကိုလဲ
ရှောင်ကျန့်ရှိတက်သော
နေရာများစီသို့
ဉီးတည်လိုက်တော့သည်...။အခုကိစ္စကိုသာ
ရှောင်းမေသိသွားခဲ့ရင်
သူ့ကိုအရမ်းမုန်းသွားမှာ
ဝမ်ပါးကလဲ သားစိတ်နဲ့ဆေးရုံမှာ
ဝမ်လေးဟာလဲအခုထိရှာမတွေ့သေး
ထိုအရာအားလုံးကသူရဲ့အတ္တတွေ၊
မိုက်ရူးရဲဆန်မှုတွေကြောင့်သာ....။ရှောင်ကျန့်ကို ရှာနေရင်း
ဝမ်လေးကိုပါတွေ့မလားလို့
မျက်တောင်ပင်မခပ်နိုင်စွာ
ဟိုဟိုဒီဒီရှာဖွေနေဆဲ..။" ရှောင်ကျန့် "
ရှောင်ကျန့်ကိုတွေ့နေရပြီမို့
ကားကိုဆောင့်ရပ်လိုက်ပြီး
အလျင်အမြန်ပင်
ရှောင်ကျန့်စီသို့သွားလိုက်မိသည်...။" ရှောင်ကျန့်! "
" ဟမ် ဟင်! ဇင်းနစ် "
" ဝမ်လေးဘယ်မှာလဲဟင်
နင်သိတယ်မို့လား ဒါမှမဟုတ်
ဝမ်လေးကနင်နဲ့အတူရှိနေတာလား
ဟုတ်တယ်မို့လားဟင်.. "မေးခွန်းတွေ တရစပ်
မေးလာတဲ့ဇင်းနစ်ပုံစံက
တကယ့်ကိုအလောတကြီး..။ရှောင်းမေနဲ့ဝမ်လေးကလွဲလို့
မည်သူတစ်ဉီးတစ်ယောက်
အသားကိုမှမထိတက်တဲ့
သူကပင် ကိုယ့်ပုခုံးအား
ကိုင်လှုတ်ပြီးမေးနေသည်မို့
ဘယ်လောက်စိတ်လှုတ်ရှားနေတယ်
ဆိုတာ သိသာလှသည်...။" ဘာတွေလာမေးနေတာလဲ
ငါနဲ့ဘာပတ်သက်လို့
ငါကသိရမှာလဲ "သူ့ကိုလှည့်စားခဲ့တဲ့
ဝမ်လေးကို သူစိတ်ပျက်မိသည်မို့
ဇင်းနစ်အမေးကို
ထိုသို့ပြောလိုက်မိခြင်း...။

DU LIEST GERADE
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..