Ep>>10..Uni

931 55 2
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" အ့  လွှတ်  လွှတ်လို့.. ကျန့်ကော
တောင်းပန်ပါတယ် လွှတ်ပေးပါ "

အားထည့်ပြီးကိုင်ထားတဲ့လက်ကြောင့်
လက်ကောက်ဝတ်တစ်ခုလုံးလဲထူပူနေပြီ
ဘယ်လိုသွားနေတယ်ဆိုတော့
ကားပါကင်..လူတွေရှင်းနေပြီး
အကာကွယ်ပေါင်းများစွာနဲ့...။

" ဘယ်  ဘယ်သွားမလို့လဲ  မလိုက်ဘူး
အင့်  လွှတ်ပါဆိုမှပဲ...ဟီးးအီးးး "

သူပြောတာကို ဂရုမစိုက်တဲ့သူကြောင့်
ငိုယိုကာပြောလိုက်မိတယ်...
ငိုတာ အပိုလုပ်ခြင်းတော့မဟုတ်....
သူအမှန်တကယ် ကြောက်ရွံ့
ဝမ်းနည်းလို့ငိုခြင်းပါ...
နာနေတဲ့လက်ကြောင့်လဲ
ဖြစ်မယ် ထင်ပါရဲ့....။

ရှောင်ကျန့်တစ်ယောက်..
ကားပါကင်သို့ရောက်တော့
ခြေလှမ်းတွေကိုရပ်လိုက်မိသည်...
အနောက်ကကောင်လေးမှာ အတော်
ကြောက်နေပြီမဟုတ်ပါလား...။

သူတို့ရပ်နေတဲ့ နေရာက
ကားတွေကြားမှာမို့
တော်ရုံ မည်သူမှမမြင်နိုင်ပါ....
တကယ်ဆို သူလည်းခေါ်သာလာရတယ်
ဘယ်ကိုခေါ်မယ်ဆိုတာ
ကြိုတွေးထားခြင်းမရှိ...
စိတ်ထဲရှိတဲ့နေရာကိုသာ ခေါ်လာခြင်းဖြစ်သည်...ဒေါသတွေအလိုလိုထွက်ပြီး
လူကလည်း ဘာကိုမမြင်တော့တာကြောင့်
ခုလိုတွေဖြစ်နေရခြင်းသာ...။

" ဘာမှမလုပ်ဘူး  မငိုနဲ့ "

မျက်နှာတွေရဲတက်သည်အထိ
ငိုယိုနေသောကောင်လေးကြောင့်
ခုနက ထွက်နေတဲ့ဒေါသတွေက
ဘယ်ရောက်လို့ရောက်သွားသည်မသိ
အငွေ့ပဲဖြစ်သွားလေသလား...
ကိုယ့်အရှေ့ကကောင်လေးကိုလဲ
အသဲယားလွန်းလို့ ကားပေါ်သာဆွဲပစ်တင်ပြီး
သွားလေရာကိုသာ ခေါ်သွားလိုက်ချင်တယ်..။

" မငိုနဲ့ မင်းရဲ့မျက်ရည်တွေကိုကိုယ်မကြိုက်ဘူး "

သူ့အပြောကို ငိုနေရင်းကနေ
မျက်လုံးပြူးလေးနဲ့မော့ကြည့်လာပြန်ပြီ...
ဟားးးဝမ်ရိပေါ် !!!!
မင်ကဘာလေးလဲကွာ...။

ပါးပြင်နုနုပေါ်က မျက်ရည်တွေကို
ဆွဲသုတ်ပေးမိသည်.....
နုအိနေသောပါးပြင်လေးရဲ့
အထိတွေ့ကြောင့်..ရှောင်ကျန့်
ရင်ထဲတစ်မျိုးကြီးဖြစ်သွားရသည်..။

ဇာတ်သိမ်းခန်းလေး..Donde viven las historias. Descúbrelo ahora