🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဝမ်လေး" " ဝမ်လေး "
" ဝမ်လေး " " ဝမ်လေး "
တနေ့တနေ့
အကြောင်းပြချက်အမျိုးမျိုးနဲ့
သူ့အနားသို့ရောက်ရောက်လာတဲ့
ကျန့်ကောက ကလေးဆိုးကြီးလို...ဝမ်လေး လို့ခေါ်သံလေးဟာလဲ
ညအိပ်ရင်တောင်
အိမ်မက်ထဲ ပါလာသည်အထိ
စိုးမိုးနေခဲ့ပြီ..သူငယ်ချင်းလုပ်မယ်လို့
ပြောထားသည့်နေ့ကထဲက
အရင်လို ဇွတ်တရွတ်မဆန်တော့
အရင်လိုလဲ မထိတထိ
အသားယူတာမျိုးတွေလဲ
မရှိတော့တာမို့
ပို၍အဆင်ပြေနေသည်ထင်ပါရဲ့...။ခုနောက်ပိုင်းသူလဲ ကျန့်ကောကို
အရင်လိုကြောက်မနေတော့ပါ
သူ့ကိုဆိုအမြဲဂရုစိုက်ပေးတာမို့
ပုံမှန်ထက် ခင်တွယ်မိပါရဲ့...။" ရိပေါ် "
" ဟမ် "
" မင်းနော် အခုတလော
အချိုးတွေပြောင်းနေတယ် "" မဟုတ်တာ
ငါဘာတွေ ပြောင်းလို့လဲ "ကော်ဖီအတူသောက်နေရင်း
စစ်ကျွေးရဲ့ အရင်းမရှိစကားကြောင့်
သူကြောင်သွားရသည်...။" ဘာပြောင်းရမှာလဲ
အခုတလော ဟိုစီနီယာအစ်ကိုကြီးနဲ့
တပူးပူး တတွဲတွဲနဲ့
ငါ့ကိုတောင် ပလစ် ထားပြီးတော့ "စူပုတ်ပြီး ကလေးတစ်ယောက်လို
သူ့ကိုရန်တွေ့နေတဲ့
စစ်ကျွေးကိုကြည့်ကာ
သူပြုံးမိသည်...။ဖြေရှင်းချက်တော့မပေးမိပါ...
" မြင်လားမဟုတ်ပါဘူး
ဆိုတဲ့စကားတစ်ခွန်းတောင်
ငြင်းမလာဘူးနော် မင်းပြော
အဲ့စီနီယာနဲ့မင်းကရိုးရောရိုးရဲ့လား "" ရိုးပါတယ် ဘာလို့လဲ "
" ငါတော့မထင်မိဘူး
ဝမ်ရိပေါ်ရေးးးမြင်ယောင်သေး "စစ်ကျွေးစကားကို
သူရယ်ကာနေမိသည်...။ကိုယ့်ကိုကိုယ်လဲ ပြန်စစ်ဆေးမိပါရဲ့
အရင်ကသာဆို စစ်ကျွေးရဲ့စကားကို
သူအသဲအသန်ငြင်းမိမှာသေချာသည်
အခုတော့ ဘယ်လိုအရာတွေကြောင့်
ငြိမ်နေမိတာပါလိမ့်
သူရော ကျန့်ကောအပေါ်
ခံစားချက်တွေ ရှိနေခဲ့ပြီလား...? ။
![](https://img.wattpad.com/cover/328119363-288-k869394.jpg)
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..