🕊️ဇာတ်သိမ်းခန်းလေး🕊️
" အစ်မ တောင်းဆိုတာပါကွယ်
ဒါကိုလက်ခံစေချင်တယ် ရှန်ကျန့် "ကိုယ့်အပေါ်ကျေးဇူးရှိနေသူက
အခုလို တောင်းဆိုလာတော့
သူတကယ်ငြင်းရခက်သွားသည်...။ဟိုနေ့က ဒေါက အလျောက်
ပြောလိုက်မိတယ်ဆိုပေမဲ့
အခုတော့ အားနာနေမိပြန်၏...။" ကျွန်တော်.... "
" လက်ခံပေးပါလားကွယ်
အစ်မတွက်လဲ တကယ်ကို
ခက်ခဲနေလို့ပါ ပြီးတော့...
အခု ကမ်းလှမ်းလာတဲ့
company ရဲ့အင်အားကလဲ
ကြီးတော့ အစ်မ ငြင်းမဖြစ်လို့ပါ "တကယ်အခက်တွေ့နေပုံနဲ့
မျက်နှာလေးငယ်ကာ
တောင်းဆိုနေတာမို့
သူဘယ်လိုမှ မတင်းမာနိုင်တော့
အရင်ထဲကပဲ အားနာတက်သူမို့လားမသိ
ပြန်စဥ်းစားနေမိပြန်၏...။အမှန်ဆို ကိုယ်ကအရှင်းဆုံး
မပက်သတ်ချင်လို့သာ
လက်မခံခြင်းပင်
ပုံမှန်ကိုယ့်အနေနဲ့က
လက်ခံလိုက်လို့နဲ့ မပက်သတ်ပဲ
နေလို့ရသည်လေ...။ဘာလို့ဆို ကိုယ်ကစာရေးဆရာပဲလေ
ယုံကြည်လို့လက်ခံပြီးရင်
သူတို့တာဝန်ဖြစ်သွားပြီပဲ
ကိုယ့်အနေနဲ့က ရိုက်ကွင်းကို
ခနတဖြုတ် သွားပြီးအကြံပေးရုံသာ
ဒါတောင် ကိုယ်မသွားချင် ရသေးသည်..အဓိက ကကိုယ့်စိတ်သာ..
ပြီးတော့ ရှောင်ကျန့်လို
ပိုင်ရှင်တစ်ယောက်က
ထို့သို့ ရိုက်ကွင်းထိ
လိုက်ကြည့်တယ်လို့လဲ
သူမကြုံးဖူးပေ...။ဒါကြောင့် လက်ခံလိုက်လို့လဲ
ဘာမှတော့ ထွေထွေထူးထူး
ဖြစ်မသွားပါဘူးလေ..." ရှန်ကျန့် အစ်မပြောတာရော
ကြားရဲ့လား ဟင်.. "" ဟမ်! ဗျာ.. "
အတွေး တွေများနေတုန်း
သူ့ရှေ့က အစ်မခေါ်သံကြားမှ
အသိဝင်ကာ အမြန်ပြန်ထူးလိုက်ရသည်..။" လက်ခံပေးမယ်မဟုတ်လား
တောင်းဆိုပါတယ်ကွယ် နော် "သူ အနေရခက်စွာ
မျက်မှန်လေးကိုတစ်ချက်
ပင့်တင်၍...." ဟုတ်ကဲ့ပါ ကျွန်တော် လက်ခံပါမယ်
ဒါပေမဲ့ ကျန်တဲ့ကိစ္စတွေအားလုံး
ကျွန်တော်နဲ့မဆိုင်တော့တာမို့
အရင်လို ကားရိုက်တဲ့နေရာထိတော့
မလိုက်ပါရစေနဲ့ဗျာ့ "

YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..