🕊️ဇာတ်သိမ်းခန်းလေး🕊️
" ငါမျက်စိနောက်နေပြီနော် ရှောင်းမေ
ဘာတွေဖြစ်နေတာလဲ. "မနက်ကထဲက ထိုင်လိုက်ထလိုက်နဲ့
ဂနာမငြိမ်သောရှောင်မေအား
ဇင်းနစ် တကယ်ပဲမျက်စိနောက်လာပြီ
ဘာတွေဖြစ်နေတယ်မသိ
မျက်နှာကလဲပြုံးဖြီးလို့...။" အဟဲ သိချင်တာလား "
" ပြောပါအုံး "
" ဟီးးး ပါးကပြောတယ် သိလား
ဝမ်လေးနဲ့ငါ့ကို လူကြီးချင်း
သဘောတူထားတာတဲ့
နင်စဥ်းစားကြည့်
ငါဘယ်လောက်ပျော်နေမလဲဆိုတာ
အဟိ... "မျက်စပစ်ပြီး ခပ်ပြုံးပြုံးမေးလိုက်ပေမဲ့
ရှောင်းမေရဲ့အဖြေစကားကြောင့်
နှုတ်ခမ်းထက်က အပြုံးတွေဟာ
အလိုလိုပျောက်ကွယ်သွားရသည်...။" အော် အဲ့လိုကိုး "
" ဒါပေါ့ အဲ့လိုပေါ့ အဟီးးး
ငါပြောပါတယ် ဝမ်လေးက
ငါ့အပိုင်ပါဆို ခုယုံပြီမို့လားး "" အဟင်းးး "
မချိပြုံးလေးသာပြုံးနိုင်တော့တဲ့
ဇင်းနစ်....
ဘေးကရှောင်းမေကတော့
ပြုံးလို့ပျော်လို့ ...
တကယ်ဘဲဝမ်လေးကို
အရမ်းသဘောကျတာလား
ရှောင်းမေရယ်...။.............................................
" ဟေးးး "
" အားးးလန့် လန့်လိုက်တာ "
ကော်ဖီဝယ်နေရင်း
ဝမ်လေးကိုတွေ့လိုက်တာမို့
အနောက်ကနေအပြေး
လိုက်ခေါ်လိုက်တော့ သူလေးက
အလန့်တကြားဖြစ်သွားလေရဲ့...။" အဟမ်း ဘယ်ကိုပြေးဖို့
ချောင်းနေပြန်တာလဲ ဝမ်လေး "" မ မချောင်းပါဘူး
ကျန့်ကောကိုတောင်အခုမှမြင်တာ "" အော် ဒါဆို
အစောကမြင်ရင်တော့ပြေးမယ်ပေါ့ "" အွန်းပေါ့ အဲ မ မပြေးပါဘူး "
" အဟွန်းးး "
စကားတွေ အထစ်ထစ်အငေါ့ငေါ့
ဖြစ်နေတဲ့ ရှေ့ကကောင်လေးကိုကြည့်ကာ
ရှောင်ကျန့်သဘောတကျရယ်လိုက်မိသည်...။ရယ်နေရင်း ရှောင်ကျန့် မျက်နှာကို
ပြန်တည်လိုက်မိတယ်...
ဒီကောင်လေးသူ့ကိုကြောက်နေတာကို
သိပ်တော့သဘောမကျ
ချစ်စရာအမှုအရာလေးတွေကို
အသဲယားတာမို့ စနောက်ရုံသာ.....
သူလိုချင်တာ ထိုကောင်လေးရဲ့အချစ်လေ
အကြောက်တရားတွေမှ မဟုတ်တာ...။
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..