🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဟေ့ လေးလုံး "
" ချီးပဲ "
ကန်တင်းတစ်နေရာမှ သူ့အားလှမ်းအော်စနေသော အတန်းထဲကကောင်များကို လက်ခလယ် ထောင်ပြကာ ပါးစပ်မှလဲ ဆဲလိုက်တဲ့ဝမ်ရိပေါ် ။
" ရောက်လာပြီလား "
ကြိုရောက်နေသော စစ်ကျွေးက ကော်ဖီတောင် မှာသောက်နေပြီ...။
" အွန်း ချီးလိုပဲ စောစောစီးစီး "
" ဟားးးဟားးးမင်းကလဲကွာ ဒီလို အစခံနေရတာမရိုးသေးဘူးလား ထူးပြီးဒေါသထွက်နေရတယ်လို့ "
" ရိုးစရာလား ငါမှအဲ့လိုခေါ်တာမကြိုက်တာ မင်းဆိုရင်ရောကြိုက်လား "
သူ့အပြောကိုစစ်ကျွေးကချက်ချင်းမဖြေဘဲပြုံးစိစိလုပ်ပြီးမှ...
" အမှန်ပ်ကိုကြိုက်ရမှာပေါ့ "
" ချီး! ခွေးကောင် သေလိုက်ပါ့လား "
" ဟားးးးဟားးး "
သူကသာဒေါသတကြီးဆဲဆိုနေမိတာ စစ်ကျွေးကတော့ ရယ်မောလို့...။
" ဒီက ကောင်လေး "
စစ်ကျွေးနဲ့သူတစ်ယောက်နဲ့တစ်ယောက် စနောက်နေတုန်း သူတို့ထိုင်နေသောဝိုင်းသို့ ရောက်လာတဲ့လူတစ်ယောက် ခေါင်းကိုငုံ့ထားတာမို့ ဖိနပ်အဖြူလေးကို အရင်မြင်လိုက်မိတယ်....။
" ရိပေါ် မင်းကိုခေါ်နေတာ "
ဖိနပ်လေးကိုငေးနေတုန်း စစ်ကျွေးရဲ့အသံကြားမှ အသိဝင်ကာ ခေါ်လာတဲ့လူအား မော့ကြည့်လိုက်တော့သည်..။
" ဟင် "
မော့အကြည့်သူ့ရှေ့သို့ပေါ်လာတဲ့လူကြောင့် လူကဆွံ့အသွားရသည်..ဟိုတစ်နေ့က အစ်ကိုချော...။
ထိုလူကတော့ မျက်နှာမှာ အပြုံးချိုချိုလေးများဖြင့်.....
" ဒီဝိုင်းမှာက ကိုယ်ထိုင်လို့ရသေးလား "
" ဟုတ် ရ ရပါတယ်ဗျာ့ "
ထပ်မဆုံချင်ပေမဲ့လဲ ဟိုနေ့ကကိုယ့်ကိုကူညီထားတဲ့မျက်နှာကြောင့် သူကောင်းကောင်းမွန်မွန်ပြန်ပြောလိုက်သည်..။

أنت تقرأ
ဇာတ်သိမ်းခန်းလေး..
أدب الهواةပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..