🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဇင်းနစ်!!!! "
" အာ..လန့်တာဟာ
ဘာလဲ "အတွေးတွေထဲဝဲလည်ခပ်နေသော
သူ့ကို ရှောင်းမေက ခပ်ကျယ်ကျယ်
ခေါ်လိုက်သည်မို့ အမှန်ပင်
လန့်သွားရသည်...။" နင်ဘာတွေတွေးနေလို့
အဲ့လောက် လန့်သွားရတာလဲ
နင်နော် အရင်ကနဲ့ကိုမတူတော့ဘူး
ဘာလဲ ရည်းစားများရနေပြီလား "စူပုတ်ပုတ်နဲ့ရန်တွေ့နေတဲ့
ရှောင်းမေက ဇင်းမျက်လုံးထဲ
အရမ်းကို လှပါသည်..။" ဟဲ့ ငါမေးနေတာဖြေလေ "
နောက်တကြိမ်အော်လိုက်မှ
အကြည့်တွေကိုလွှဲလိုက်မိသည်...။" မဟုတ်ပါဘူး
ဘယ်ကရည်းစားရ ရမှာလဲ "" ပြောလို့မရဘူးလေ
အခုတလော နင့်ကိုကြည့်လိုက်ရင်
တငူငူတငိုင်ငိုင်နဲ့
အားကိုမရဘူး "ဟုတ်တယ်
ဇင်းနစ် ခုတလော
ဘာဖြစ်နေတယ်မသိ...
အရင်လိုမျက်နှာမှာ လန်းဆန်းမနေဘဲ
ထိုင်းမှိုင်းလို့နေသည်...။အရင်က ကိုယ့်ကိုကိုယ်
ယုံကြည်မှုရှိတဲ့ ဇင်းနစ်မှ
ဟုတ်ရဲ့လားတောင် ပြန်မေးရပေမည်.
တလောကလုံးကို ဂရုမစိုက်တဲ့ပုံစံနဲ့
ခပ်ချေချေtypeက
ဆွဲဆောင်မှုအပြည့်...
ငယ်ကထဲကပင် ထိုစတိုင်ဟာ
ဇင်းနစ်ရဲ့ပုံမှန်typeဖြစ်သည်...။တမင်လုပ်ယူထားတာလဲမဟုတ်ပေ
ပတ်ဝန်းကျင်ကို
ဂရုမစိုက်တက်တဲ့အကျင့်
အပေါ်ယံတွေဆို ရွံတက်တဲ့အကျင့်
ထိုအရာတွေကြောင့် ဇင်းနစ်ဟာ
မာနကြီးသူတစ်ယောက်လို့
လူအများကြား
နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်...။အခုတော့ အရင်ကလိုမဟုတ်တော့ဘဲ
အမြဲတမ်း မှိုင်နေတာကိုမြင်ရတော့
ရှောင်းမေ တကယ်ကိုမနေတက်ပါ..
ဇင်းနစ်ကို အမြဲသူအားကျခဲ့ရတာ
သူငယ်ချင်းဆိုပေမဲ့ လေးစားရသူလဲ
ဖြစ်နေသည်မဟုတ်ပါလား..။" အဟင်းးး ပုံမှန်ပါပဲ "
ရယ်ရင်း ဘာမှမဖြစ်သလို
ပြန်ဖြေလာတဲ့ ဇင်းနစ်က
သွေးအေးလွန်းလှသည်...။" နေဟာ ငါကအကောင်းနဲ့မေးတာ
မဖြေချင်လဲသဘောလဲ ဟွန့် "ပြောပြီးသည်နှင့်
အနားမှ ခြေဆောင့်ကာ
ထထွက်သွားသည့် ချစ်ရသူရဲ့
ကျောပြင်ကို သက်ပြင်းချရင်း
ခပ်ဆွေးဆွေးလေးငေးနေမိတယ်...

YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..