🕊️ဇာတ်သိမ်းခန်းလေး🕊️
အချိန်တွေဟာ မြန်လွန်းတာမို့
ကျောင်းတွေတောင်နှစ်ဝက်သို့ရောက်ခဲ့ပြီဖြစ်သည်...။မျက်မှန်လေးပင့်လို့
ကျောင်းဝန်းထဲလျှောက်လှမ်းလာရင်း
တစ်စုံတစ်ယောက်ကိုတော့
သတိရစမွဲ...။ဟူးးးး
သက်ပြင်းမောကိုချလိုက်ရင်း
ဆက်၍လှမ်းခဲ့လိုက်သည်...။" စစ်ကျွေးး "
" ဟမ် "
ရှေ့ကနေ ပစ္စည်းတွေမနိုင့်တနိုင်သယ်နေတဲ့ စစ်ကျွေးကိုတွေ့တာမို့ သူလှမ်းခေါ်လိုက်ခြင်းဖြစ်သည်...။
" ဒါက ဘာတွေလဲ... "
" ဆရာ့ကို ကူသယ်ပေးနေတာပါကွာ "
" အာ..ပေးပေး ငါရောကူသယ်ပေးမယ် "
စစ်ကျွေးစီက ပစ္စည်းတချို့တဝက်ကို
လက်လွှဲယူရင်း မျက်မှန်လေးကိုတချက်ပင့်ကာ...။" ဘယ်အခန်းလဲ "
" ငါ့နောက်ကလိုက်ခဲ့ "
" ဟွန့် "
စစ်ကျွေးစကားကြောင့်...
နှာခေါင်းတချက်ရှုံ့လိုက်ပြီး
နောက်မှလိုက်ရတော့သည်...။တစ်ယောက်သောသူကတော့
အကွယ်တစ်နေရာမှ ကြည့်နေရင်း
ပြုံးနေမိပါရဲ့...။" ချစ်ဖို့ကောင်းတယ် အဟွန်း "
တကယ်ပြောတာ
မျက်မှန်လေးပင့်လိုက်တာကအစ
နှာခေါင်းလေးရှုံ့လိုက်တာအဆုံး
တကယ်ကိုချစ်ဖို့ကောင်းတာ...။စီးချက်မမှန်စွာ မြန်နေသော
ရင်ခုန်သံများကိုလျစ်လျူရှု၍
မသိစိတ်ကခံစားချက်တွေကို
လိမ်ညာလိုက်မိသည်...။" ရောက်ပြီ "
စတိုခန်းရှေ့သို့ ရောက်၍
အခန်းတံခါးကိုဖွင့်ကာ
ပစ္စည်းတွေကို ထားခဲ့ပြီး
နှစ်ယောက်သားကန်တင်းဘက်သို့
ခြေဦးလှည့်လိုက်တော့သည်...။" ဝမ်လေး "
နောက်မှကျဲရဲ့ခေါ်သံကြောင့်
သူရောစစ်ကျွေးပါလှည့်ကြည့်လိုက်သည်..။" ဗျာ "
" ဝမ်လေးကို အကူညီတောင်းမလို့ "
" ဘာကူညီရမှာလဲ ကူညီမှာပေါ့ "

ŞİMDİ OKUDUĞUN
ဇာတ်သိမ်းခန်းလေး..
Hayran Kurguပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..