Ep>>26..Uni

976 51 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

ရှောင်ကျန့်နဲ့ဇင်းနစ်
အပြင်ရောက်တော့
ဇင်းက သက်ပြင်းတစ်ချက်ချပြီ..။

" ဝမ်လေးနဲ့ အဆင်ပြေလား "

ထိုစကားဟာ
သူ့ကိုကြည့်၍မေးခြင်းမဟုတ်
အရှေ့သို့သာ
ခပ်တည်တည်ကြည့်နေရင်း
မေးလိုက်ခြင်းဖြစ်သည်..။

" အွန်း "

သူအဲ့လိုဖြေတော့
ဇင်းနစ်ကလှည့်လာသည်..
ထို့နောက် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး..
ပြိုင်တူ ရယ်လိုက်မိကြသည်..။

" ဟက်!..စိတ်ဝင်စားစရာပဲ "

" အွန်း ထင်တာပဲ "

ရှောင်ကျန့်နဲ့ဇင်းနစ်က
typeချင်းတူတာကြောင့်
နှစ်ယောက်သား
စကားပြောတဲ့အခါမှာလည်း
တခြားသူတွေနဲ့လို
စီကာပက်ကုံး နားလည်လာအောင်
ရှင်းပြနေစရာမလို
အကြည့်တချက်
မျက်နှာအနေအထားနဲ့တင်ကို
နားလည်ကြတာမျိုး...။

ရှောင်ကျန့်က လူငယ်ဆန်ဆန်
ပေါ့ပေါ့ပါးပါးနေတက်တာနဲ့
ဇင်းနစ်က ခပ်ချေချေ
နေတက်တာလေးပဲကွာသည်..။
အတွေးအခေါ်
စိတ်နေစိတ်ထားမှာ
သူတို့နှစ်ယောက်က တစ်ထပ်ထဲလို့ပင်
ပြောလို့ရလောက်၏...
ဒါကြောင့်လဲ ဝမ်လေးကိစ္စနဲ့
ပက်သက်လို့ ရှောင်ကျန့်က
ဇင်းနစ်ကို နည်းနည်းပါးပါး
နားလည်ပေးခဲ့သည်လေ...။

" ပြင်းတာကွာ တစ်ခုခုရှိလား "

ဇင်းနစ်က ဆံပင်တွေကို
တစ်ချက်ထိုးဖွာရင်း
ဘေးကရှောင်ကျန့်ကိုမေးတော့...
ရှောင်ကျန့်က အရှေ့သို့မေးငေါ့ပြလာသည်..။

" အွန်း မဆိုးဘူးပဲ "

ရှောင်ကျန့် ပြလိုက်သည်က
လက်ဆောင်ပစ္စည်းရောင်းတဲ့
ဆိုင်လေးပင် ဖြစ်သည်..။

အပြင်အဆင်လေးက
အရမ်းထူးဆန်းမနေသော်လည်း
သက်သက်ရပ်ရပ်ရှိကာ
အမြင်အေးချမ်းတာမို့
သူတို့နှစ်ယောက်လုံး
ထိုဆိုင်လေးအား
သဘောကျနေခြင်းပင်...။

ဇင်းနစ်ကားတံခါး ဖွင့်ရင်း
ရှောင်ကျန့်ဘက်သို့လှည့်ကာ...။

" နင်ရော "

" အွန်း ဝမ်လေးအတွက် "

" ဟ ဟားး ဟုတ်ပါပြီ "

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now