(နောက်ကြောင်းတွေအကုန်ပြန်ပြီးပါပြီ)
🕊️ဇာန်သိမ်းခန်းလေး🕊️
ရိပေါ် တိုက်ခန်းကိုပြရောက်သည်ထိ
စိတ်တွေမတည်မငြမ်ဖြစ်နေတုန်း..
မတွေ့ချင်တဲ့သူနဲ့မှ ထိပ်တိုက်
လာတိုးရတယ်လို့....။ရှုတ်ထွေးမှုတွေနဲ့အတူ
အတိတ်ကနာကျင်မှုတွေပါ
ပြန်အသက်သွင်းလိုက်သလိုပင်...။ဒီနှစ်တွေမှာ သူအရမ်းပင်ပန်းခဲ့ရတာ
စိတ်ပင်ပန်းလူပင်ပန်းနဲ့
နေမကောင်းလို့တောင် အနားမှာ
ဂရုစိုက်ပေးမဲ့သူတစ်ယောက်မှ
ရှိမနေတဲ့ဘဝ..
သူသိပ်ကို စိတ်နာမိတာ...။ခံစားချက်မျိုးစုံနဲ့
အိပ်ယာပေါ်သို့ လှဲချရင်း
ခနလောက်ဖြစ်ဖြစ်
စိတ်ကိုအနားပေးလိုက်မိသည်...။သို့ပေမဲ့....
အတိတ်က ထိုလူပြောခဲ့တဲ့
စကားလုံးတွေဟာ
အတွေးထဲတွင် တဝဲလည်လည်...။" မစဉ်းစားချင်တော့လို့
အတွေးထဲက ထွက်သွားပေးစမ်းပါ
ဟာကွာ! "ခေါင်းအုံးတွေကို လွှင့်ပစ်ကာ
ဆံပင်များကိုလဲ အကြောင်းမဲ့
ဆွဲဖွနေမိသည်...။" ငါလုံးဝ $အ မဟုတ်တော့ဘူး
အရင်လို လှည့်စားချင်တိုင်း
လှည့်စားလို့ရမယ်ထင်နေတာလား
ဟားး မှားသွားမှာပေါ့ "ပြောချင်ရာပြောနေတဲ့လူသားလေးက
ထပ်ပြီးနာကျင်ရမှာကို
ကြောက်ရွံ့နေသယောင်...
မျက်ဝန်းထဲတွင်လဲစိုးရိမ်နေသည့်
အရိပ်ယောင်များကိုတွေ့မြင်နေရသည်...။. . .ring. . .ring. . .
စိတ်ပျက်လက်ပျက်လှဲနေမိတုန်း
ဖုန်းသံကြောင့် ထထိုင်ကာ
ကြည့်လိုက်မိတော့..
စာအုပ်တိုက်ကဖြစ်နေသည်...။ကြည့်ရတာ သူငြင်းလိုက်တဲ့
အကြောင်းပြောဖို့ထင်တယ်...။ခုချိန်မှာ ဘာမှပြောချင်စိတ်မရှိတာမို့
လျစ်လျူရူထားလိုက်မိသည်...။စိတ်ပင်ပန်း၊လူပင်ပန်းမို့
ခနတွင်းမှာပင် အိပ်ပျော်သွားတော့သည်..။........................................
" ဖုန်းမကိုင်ဘူး ဘာဖြစ်လို့ပါလိမ့်
ရှန်ကျန့်ကအရင်ကဆို
အခုလိုမဟုတ်ပါဘူး
သူငြင်းတာ ဒါပထမဆုံးပဲ "
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..