🕊️ဇာတ်သိမ်းခန်းလေး🕊️
" ဝမ်လေး ဘယ်မှာလဲရှောင်ကျန့်
ငါ....ငါဝမ်လေးကိုတွေ့ချင်တယ် "ဝမ်လေးကိုတွေ့ပြီလို့
ပြောလိုက်တာနဲ့ အလုပ်တွေ
မအားတဲ့ကြားက
အမြန်ဆုံးလိုက်လာတဲ့
ဇင်းနစ်က နားပင်မနားတော့...
ဝမ်လေးကိုပဲ အလောတကြီးမေးလာသည်...။" ဝမ်လေး အဆင်ပြေပြေ
ရှိတယ်ဆိုတာ တကယ်ပဲလား "ဇင်းနစ်ရဲ့အမေးကို
သူခေါင်းငြိမ့်ပြလိုက်ပြီး
အကြောင်းမဲ့ဆံပင်တွေကို
ဆွဲဖွပစ်လိုက်ကာ....." ကျစ်! ငါစိတ်ညစ်နေတာဟာ
ဝမ်လေးကငါ့ကိုလုံးဝခါးခါးသီးသီး
ဖြစ်နေတာ ငါမခံစားနိုင်ဘူး.. "" အွန်း အသက်အရွယ်နဲ့မလိုက်
ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပဲလေ
ဝမ်လေး မလွန်ပါဘူး တကယ်တော့
ဒါတွေအားလုံးက ငါ့ကြောင့်ပါ... "ဝမ်လေးကို သူနားလည်ပါတယ်
ဒါပေမဲ့ ဝမ်လေးရဲ့
ခါးသီးမှုတွေကြောင့်
နာကျင်ရသည်...။ပထမဆုံးသောခံစားဖူးတဲ့
အချစ်မှာပဲ လှည့်စားခြင်းကို
ခံခဲ့ရသည် မဟုတ်ပါလား....။အသက်တောင်မပြည့်သေးသော
ထိုကလေးရဲ့ နှလုံးသားဟာလဲ
အထိခိုက်မခံနိုင်လောက်အောင်
နုနယ်နေမှာ အမှန်ပင်...။
ထိုသို့ ချစ်ခြင်းအတွေ့အကြုံ
နုနယ်လွန်းတဲ့အချိန်မှာ
ထိုးနှက်ချက်က သိပ်ပြင်းထန်ခဲ့သည်လေ..။" ရှောင်ကျန့်.. "
" အင်း "
ဇင်းနစ်က ခေါ်လာတာမို့
သူ လေးပင်းစွာ ပြန်ထူးမိတယ်...။" ပါး သိသွားတယ် "
" ဘာ!... "
ရှောင်ကျန့်ကအလန့်တကြား
အော်လိုက်တာမို့ ဇင်းနစ်ပင်
ရုတ်တရက် လန့်သွားရသည်..။" ဟို! ငါလဲမရည်ရွယ်ပါဘူး
နင်နဲ့ဖုန်းပြောတာကို
ပါးကကြားသွားပြီး
အခုဝမ်လေးကိုပါမေးနေတာ
ငါ ပြောတာမဟုတ်ဘူး ရှောင်ကျန့်
မထင်မှတ်ပဲ ဖြစ်သွားတာ
ငါလဲမတက်နိုင်လိုက်ဘူး.... "ရှောင်ကျန့်ရော ဇင်းနစ်ပါ ပြိုင်တူ
သက်ပြင်းချလိုက်မိသည်...။
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..