🕊️ဇာတ်သိမ်းခန်းလေး🕊️
ကြည်ကြည်လင်လင်နိုးထရမဲ့
မနက်ခင်းလေးဟာဖြင့်
ရှောင်ကျန့်တွက်တော့
မူးဝေနောက်ကျိစွာ
အစပြုလိုက်ရသည်...။" ကျွတ်! ကျွတ်..
ကျစ်!! ခေါင်းကိုက်လိုက်တာ "တဆစ်ဆစ်ထိုးကိုက်လာသော
ခေါင်းကို လက်နဲ့ဖိထားရင်း
ပုံမှန်မဟုတ်သော အနေအထားကို
အကဲခက်မိသည်...။" ဟင်! "
ရုတ်တရက် ရင်ခွင်ထဲတွင်ရောက်ရှိနေသည့်
တစ်စုံတစ်ယောက်ကြောင့်....
အလန့်တကြားထထိုင်မိပြီးသား
ဖြစ်သွားရ၏...။" ဟင်! ည ညက ငါ ငါ...
ဟာကွာ! ကျစ် "မူမမှန်တဲ့အောက်ပိုင်းကြောင့်
အခြေနေတွေအား
လူကတန်းသိပါရဲ့..။" ဝမ်ရိပေါ် !!! "
နာကျင်မှုတွေကြောင့်
အခုထိမထနိုင်သေးသော
လူသားလေးကို သူအော်နှိုးမိသည်..။" ဝမ်ရိပေါ် !!! မင် ထစမ်း! "
" ဟမ် အင့် "
ညကငိုထားရသည်မို့
မျက်ရည်တွေနဲ့ စေးကပ်နေသော
မျက်လုံးကို
မနည်းအားယူဖွင့်နေရသည်မှာ
ကျန့်ကောရဲ့ဒေါသတကြီး
လှုတ်နှိုးမှုကြောင့်သာ...။" မင်း ထ! ဘာသဘောလဲ
ဟမ် ငါ့ကိုပြောစမ်း!! "" ဟင်! "
ညကပုံစံနဲ့ခြားနားစွာ
သူ့ကိုဒေါသတကြီး ရန်ရှာနေတဲ့
ကျန့်ကောကြောင့်အံ့သြကာ
ရုတ်တရက်ထထိုင်လိုက်မိသည်..။" အ့ ဟ့ သေ သေပါပြီ! "
ထိုင်လိုက်ရုံရှိသေး
ကျောရိုးတလျှောက်
စူးအောင့်၍သေလောက်အောင်
နာနေသည့်မို့ နှုတ်မှ အော်ညည်းမိသည်..။" အခုမှ သောက်ပိုတွေလာလုပ်မနေနဲ့
မင်းက ရုပ်ကလေးနဲ့မလိုက်အောင်
အောက်တန်းကျလွန်းတာပဲ ဝမ်ရိပေါ် "" ဘယ်လို ကျန့်ကော
ဘာတွေပြောနေတာလဲ
ပြောရမဲ့သူက ကျွန်တော်မဟုတ်ဘူးလား "" ဟက် ရယ်ရတယ်
မင်းငါ့ကိုဒီနေရာလာခဲ့ဖို့ခေါ်တာ
အခုလိုအောက်တန်းကျကျ
ကြံစည်ထားမှန်းမသိလို့
ငါလာခဲ့တာ မင်းကတကယ်ကို
အကြံပတ်စက်တာပဲ ဟမ်! "
![](https://img.wattpad.com/cover/328119363-288-k869394.jpg)
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..