🕊️ဇာတ်သိမ်းခန်းလေး🕊️
" စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ပါ
သိပ်တော့ စိတ်ပူစရာမရှိပါဘူး
ဖိအားအရမ်းများတော့
ခန္တာကိုယ်ကိုလာထိတဲ့သဘောပါပဲ
ပြီးတော့ လူနာက
အိပ်ရေးအပျက်ခံပုံရတယ်
အိပ်ရေးပျက်ပါများရင်လဲ
လူကဒဏ်မခံနိုင်ဖြစ်တက်ပါတယ်.. "ဒေါက်တာရဲ့စကားကြောင့်
ရှောင်ကျန့်ရော ဇင်းနစ်ပါ
သက်ပြင်းချမိရင်း...." ဟုတ်ကဲ့ ဝမ်လေးက
စာရေးဆရာတစ်ယောက်ဖြစ်တာမို့
အိပ်ချိန်ကို သတ်မှတ်ထားပုံ
မပေါ်ဘူး..ဆရာ.. "ဇင်းနစ်ရဲ့အပြောကို
ဒေါက်တာက ခေါင်းငြိမ့်ရင်း..." အော် စာရေးဆရာကိုးးး
ဒါပေမဲ့ ကျန်းမာရေးအတွက်တော့
ပိုပြီးဂရုစိုက်မှရမယ်
ဒီလိုသာ ခန ခန ဖြစ်နေမယ်ဆို
လူကိုဒုက္ခဖြစ်စေတယ်
ဒါကြောင့် အတက်နိုင်ဆုံး
ပေတေမနေပဲ ဂရုစိုက်တာ
အကောင်းဆုံးပါ... "" ဟုတ်ကဲ့ပါ ဆရာ... "
" အင်း လူနာက စိုးရိမ်စရာမရှိတာမို့
နိုးလာရင် ဆေးရုံကဆင်းလို့ရပါပြီ...
အခုတော့ ကျွန်တော့်ကိုခွင့်ပြပါအုံး "" ကျေးဇူးပါ ဒေါက်တာ... "
ရှောင်ကျန့်ရဲ့ ကျေးဇူးစကားကို
ဒေါက်တာက ပြုံး၍အသိမှတ်
ပြုကာ...ထွက်သွားတော့သည်...။ဒေါက်တာထွက်သွားသည်နှင့်
လူနာကုတင်ပေါ်က ကလေးငယ်နားသို့
လျှောက်လာလိုက်ပြီး...
အရင်လိုလက်ဖောင်းဖောင်းလေးတွေ
အစား ခပ်သွယ်သွယ်ဖြစ်သွားသော
လက်ကလေးကို ဆုတ်ကိုင်ရင်း
မြတ်နိုးစွာ နမ်းရှိုက်မိသည်..။" တောင်းပန်ပါတယ်.. "
ဇင်းနစ်ရှေ့တွင်လဲသူမရှက်နိုင်ပါ
ခံစားချက်တွေက တနင့်တပိုးမို့
မထိမ်းချုပ်ချင်တော့...။" ဝမ်လေးကို ခေါ်ခဲ့လိုက်တော့
ရှောင်ကျန့် နိုးလာတဲ့ထိ
မစောင့်တော့နဲ့... "" ဒါပေမဲ့... "
" ဝမ်လေးကို နင်မလိုချင်ဘူးလား
ငါပြောတာကိုလက်ခံလိုက်စမ်းပါ
ငါထင်သလောက်တော့
ဝမ်လေးက ငါ့တို့ကို
တွေ့ပြီးစကားပြောဖို့ခက်ခဲနေသေးမှာပဲ
ဒါကြောင့် သူ့နိုးလာခဲ့ရင်တောင်
နင့်ကိုအသာတကြည့်လက်ခံ
စကားပြောမယ်ထင်နေလား..
ငါပြောတာကိုသာလက်ခံလိုက်စမ်းပါ.. "
![](https://img.wattpad.com/cover/328119363-288-k869394.jpg)
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..